အသံက သူ့ကို ဆက်တိုက်ခေါ်နေတာပင်။

အဲတုန်းက သူ ဘာမှမခံစားမိ ဖယောင်းတိုင်လေးကိုသာ ကိုင်ပြီး အပြင်ကို သွားကာ ထိုလူကို တုံ့ပြန်လိုက်သည်။ 

ဒါပေမဲ့ သူ့ကိုခေါ်တဲ့သူကို ပြန်တုံ့ပြန်ပြီးတော့လည်း သူပြန်အဖြေကို မရချေ။ ထိုအစား ထိုလူက သူ့ကို ထပ်တလဲလဲ ခေါ်နေတာပင် ထိုလူက ဘာတွေပြောနေမှန်းလဲ မသိသလို အသံကနေတောင် ထိုလူက ဘယ်သူမှန်း သူမသိပေ။

ဈာပနာခန်းမက အဖြူရောင်ပိတ်စက ရှေ့နောက် ယိမ်းထိုးနေပြီး ကြောက်ဖို့ကောင်းတဲ့ မြင်ကွင်းတစ်ခုကို ဖော်ပြလို့နေသည်။

သူ တံခါးအပြင်ကို ရောက်တဲ့ထိ အသံက သူ့ကိုခေါ်နေဆဲပင်။ ဒါပေမဲ့ ရှေ့မှာ သူဘယ်သူ့ကိုမှ မမြင် မှောင်မဲနေတဲ့ နောက်တံခါးကလွဲပြီး ဘာမှရှိမနေချေ။

ဒါပေမဲ့ သူအသံကိုတော့ သေချာကြားနေရသည်။

သူ့အသက်ငယ်ငယ်လေးနဲ့ ဘာတွေဖြစ်နေလဲဆိုတာ သူနားမလည်နိုင်ပေ။ တစ်ခုခုမှားနေတာကိုတော့ သိနေသေးပေမဲ့ပေါ့။ အဲအသံက လေပြေနဲ့အတူလာပြီး သူ့နားထဲ ထပ်တလဲလဲ ကြားယောင်နေတော့သည်။

“ရှီ… ချီ…”

ရှီချီ တံတွေးမျိုချလိုက်မိသည်။ လက်ထဲက ဖယောင်းတိုင်ကိုလည်း ကျစ်ကျစ်ဆုတ်ထားမိရင်းပေါ့။ ထို့နောက် ပြန်လှည့်ဖို့ ဆုံးဖြတ်ကာ ပြန်ပြေးတော့သည်။

သူ လုံးဝ မထင်ထားတာက တစ်ခုခုက သူ့ခြေထောက်ကို လာဆွဲပြီး သူ ချက်ချင်း မြေကြီးပေါ် လဲကျသွားတော့တာပင်။ ဖယောင်းတိုင်ကလည်း ဘေးကို လွှင့်ပစ်မိသလို ဖြစ်သွားကာ ချက်ချင်း မီးသေသွားတော့သည်။

အမှောင်ထုက ချက်ချင်း ဝင်ရောက်လာသလို ထူးဆန်းတဲ့အော်သံကြီးသာ ကျန်တော့သည်။ 

ရှီချီ ကြောင်နေတုန်းမှာပဲ နာကျင်ဖွယ် ငိုသံကြီးကို ကြားလိုက်ရတော့သည်။ သူ တောင့်သွားသလို သူ့ခြေထောက်ကို ဆွဲထားတဲ့အရာကလည်း မရှိတော့တာကို ခံစားမိတာနဲ့ သူ ချက်ချင်း နောက်ကို ပြန်ဆုတ်လိုက်တော့သည်။

ဖယောင်းတိုင်မီးကလည်း မရှိတော့တာမို့ သူဘာမှ မမြင်ရသလို သူ့ရင်တွေသာ တအားခုန်နေတော့သည်။ 

ကူးပြောင်းလာတိုင်း အမျိုးသားဇာတ်လိုက်ရဲ့လက်မောင်းထဲမှာ သေဆုံး။Where stories live. Discover now