ရှီချီက လက်ကို ဖယ်လိုက်တော့ သူ့မျက်လုံးတွေ အနည်းငယ်နီလို့နေသည်။ 

ခုနက ဘာလို့ အဲလိုမြင်လိုက်တာလည်း သူခုထိ နားမလည် ဒါပေမဲ့ သူထင်ယောင်ထင်မှား ဖြစ်တာ မဟုတ်တာတော့သေချာသည်။ 

သူ့ပတ်လည်က လူတွေကို ကြည့်လိုက်တော့ ဘာမှထူးခြားနေတာမတွေ့ပေ။ 

ရှီချီက “ဘာမှမဖြစ်ပါဘူး” လို့သာ ပြန်ဖြေလိုက်တေ့ာသည်။

သူတကယ် မှားမြင်တာနေမည်။ သူ့ကိုယ်သူ တွေးလိုက်သည်။ ဒါပေမဲ့ သူ့စိတ်ထဲမှာတော့ သံသယတွေ ပြည့်လို့နေသည်။ 

ဒါရိုက်တာဝမ်က ဘာပြောလိုက်မှန်းတောင် သူ သတိမထားမိလိုက်ပေ။ 

“အမေ” ရှီရှန်းကျင်းက ခေါ်လာသည်။ “ကျွန်တော်တို့ပြန်သင့်ပြီ”

နင်မုန့် ခြေထောက်တွေ တုန်လာကာ။ “အိုက်ယိုး ငါလည်း တော်တော်အိုနေပြီပဲ သွားမယ် သွားမယ်”

လူတချို့က ကွေ့ပတ်သွားကာ တက္ကသိုလ် အဆောက်အဦးကို ဦးတည်လိုက်ကြသည်။

သူတို့ သွားတဲ့နေရာက စာပေဌာနနဲ့ ဆိုင်တဲ့နေရာပင် ဒီမတော်တဆကြောင့် အဆောက်အဦးကိုလည်း ချိတ်ပိတ်ထားသည်။ ဆိုတော့ တခြားကျောင်းသားတွေက သူတို့အတန်းတက်ဖို့ဆို တခြားအဆောက်ဦးကို သွားရသည်။

ဒီအဆောက်ဦးမှာက ဓာတ်လှေကားမရှိတာမို့ နင်မုန့်လှေကားတက်ရတော့သည်။ သူမ မြေးနဲ့သားက ကူတွဲပေးတာတောင် သေလောက်အောင်ပင်ပန်းသည်။

လူအိုကြီးဖြစ်ရတာ ခက်ခဲလိုက်တာ။

အခင်းဖြစ်တဲ့နေရာအထပ်ကိုနောက်ဆုံးရောက်လာတော့ နင်မုန့်ခြေထောက်တွေတအားတုန်နေပြီပင် သူမ ခုံမှာ နားနေကာ ရှီချီလေးက သူမခြေထောက်ကို နှိပ်ပေးသည်။ 

သူက အနာဂတ်ကျ ဆိုးဝါးတဲ့လူတစ်ယောက် ဖြစ်လာမလားဆိုတာ မသိတောင် ဒီကလေးရဲ့ လက်ရှိသွင်ပြင်အရ သူမ အဲဒါမျိုးကို မြင်ယောင်ကြည့်လို့မရပေ။ 

ဒီလို ချစ်ဖို့ကောင်းတဲ့ကလေးလေးက သရဲတွေထောင်ချီကို အမိန့်ပေးနိုင်တဲ့သူဆိုတာ ဘယ်သူမှ ယုံမှာမဟုတ်။

ကူးပြောင်းလာတိုင်း အမျိုးသားဇာတ်လိုက်ရဲ့လက်မောင်းထဲမှာ သေဆုံး။Donde viven las historias. Descúbrelo ahora