ဖုန်းရွှေ သမားတော်တွေ ကိစ္စတွေကိုဖြေရှင်းနိုင်ပေမယ် ကောင်းကင်ဘုံကသာ သူတို့ကံကောင်းလား ဆိုးလားဆိုတာကို ဆုံးဖြတ်လေသည်။

နင်မုန့် သတိဝင်လာတော့သည်။

သူမ ကိုယ်သူမကြည့်ပြီး ရှီချီကို ကြည့်လိုက်တော့ သူမ နားမှာလည်း အမဲရောင်လေထုတွေ ပြေးလွှားနေတာ မမြင်တာကို သိလိုက်ရသည်။

“ငါလည်း အမိုက်စားဖြစ်နေမယ်မထင်ထားဘူး”

“…မင်းက အခုဝိညာဉ်သာသာပဲလေ သရဲနဲ့ဘာမှမကွာဘူး သူတို့ မင်းကို လိုချင်တောင် မင်းက သူတို့အတွက် ဘာမှအသုံးမဝင်ဘူးလေ” စနစ်အသံက သူမကို ကြိတ်လှောင်နေသလို တဖြည်းဖြည်း ပျော့သွားသည်။

နင်မုန့် “…..”

သူမ ဆက်ကာ “အာ့ဆို ရှီချီကကော သူလည်း အဆင်ပြေနေတာကြီး”

တော်တော်ကြာမှ စနစ်က “ငါက အနန္တတန်ခိုးရှင်မဟုတ်ဘူး အိုခေ…”

ထိုသို့ပြောပြီး ဘာသံမှမကြားရတော့သလို သေသွားသလိုပင်။

အရေးပါတာ မေးလိုက်တိုင်း စနစ်ကြီးက မရှိသလို လုပ်နေတော့ နင်မုန့်လည်း အလိုလိုသဘောပေါက်ကာ ဆက်မမေးတော့ပေ။

စနစ်နဲ့ပြောနေရင်းနဲ့ပဲ ရှီရှန်းကျင်းက အခန်းပြင်ကိုလျှောက်လာပြီပင်။

အခန်းထဲက အမဲရောင်လေထုက တဖြည်းဖြည်း အပြင်မှာ ပျောက်ကွယ်သွားသလို မြင်ကွင်းက ပျောက်သွားအောင် သူ ဘာလုပ်လိုက်လဲတော့မသိပေ။

ရှီရှန်းကျင်းက ယင်လေ ဘယ်နားပြုံနေလဲသိမှတာ့ သူ့မှာ ဖြေရှင်းဖို့လည်း နည်းရှိမှဖြစ်သည်။

ဆိုတော့ နတ်သမီးက ဒီမှာမရှိမှတော့ ယင်လေက အလွယ်တကူ ကိုင်တွယ်လို့ရသည်။

အခန်းထဲက ယင်လေ ပျောက်သွားတော့ အခန်းထဲ ပူလာတော့သည်။

နင်မုန့်က ရှီချီရဲ့နူးညံ့ပြီး ဖြူလျတဲ့လက်လေးကို နှိပ်ပေးရင်း  ပူဆွေးသလို သက်ပြင်းချလိုက်သည်။ “ခုနကကျ တအားကိုအေးနေတာ သရဲတွေ အနားမှာရှိတာက လေအေးပေးစက်ရှိတာထက်တောင် ပိုနေလို့ကောင်းသေးတယ်”

ကူးပြောင်းလာတိုင်း အမျိုးသားဇာတ်လိုက်ရဲ့လက်မောင်းထဲမှာ သေဆုံး။Where stories live. Discover now