"ဟက်...ချစ်ဖို့ကောင်းတယ်"

"ပေး...ကတိ"

လက်သန်းလေးကိုထောင်ပြပြီး လက်သန်းချင်းချိတ်ကတိတောင်းနေတဲ့ ရှေ့ကလူ။ဒီဘဲကြီးမှာလည်း ဒီလိုချစ်စရာကောင်းတဲ့ပုံစံမျိုးရှိတယ်လား။

သူ့လက်သန်းနဲ့ချိတ်ပြီးလက်သန်းလေးကိုကွေး​ညွှတ်လိုက်ပြီးမှ

"ကတိ.."

"အနမ်းကတိရော မထားချင်ဘူးလားဗျာ အဲ့ကတိက ပိုထိရောက်တယ်လေ"

"မင်းကတော့ တကယ့်ကိုအကြောက်အလန့်မရှိတဲ့ဟာလေးပဲ"

"မကြောက်ပါဘူးနော်..ကိုယ့်ကောင်လေးကို​ပြန်ကြောက်တဲ့လူရှိလို့လား...စဥ်းစားကြည့်..ကြည့်"

"ပြွတ်.."

ရုတ်တရက် နှုတ်ခမ်းဖျားလေးကိုလှမ်းနမ်းလိုက်တဲ့ဒီဘဲကြီးက တကယ်ဥာဏ်များတတ်တာပဲဗျာ

"မင်းကစကားများလွန်းတယ် ကောင်လေးရဲ့"

သူ့ရဲ့ခပ်တိုးတိုးပြောတဲ့အသံသြရှရှရဲ့အဆုံး
ဘာမှပြန်မပြောနိုင်အောင် သူ့နှုတ်ခမ်းတွေနဲ့ ကျွန်တော့်ကိုပိတ်ထားလိုက်တယ်လေ။

------------------------------------------

"ဝင်လာခဲ့လေ.."

"ဒါက ဧည့်ခန်း ဒီဘက်မှာက မီးဖိုခန်း
ရှေ့တန်းတန်းဆက်လျှောက်သွားရင်ကျွန်တော့်အခန်း"

သူ့ကိုအခန်းတွေရှင်းပြနေတုန်းရှိသေး သူ့ဘာဘာသူ မီးဖိုခန်းထဲဝင်သွားပြီး ရေခဲသေတ္တာထဲက ရေဘူးကိုထုတ်သောက်နေတဲ့သူက သူ့အိမ်မှာသူနေသလိုမျိုးလုပ်နေလေရဲ့။

"ရော့..မအိပ်ခင်ဒါလေးသောက်"

"ကျန်းမာရေးအတွက်ကောင်းတယ် ကိုယ်ခွက်ထဲထည့်ပေးမယ်"

ကျွန်တော့်ရေခဲသေတ္တာထဲက နွားနို့ကို ကျွန်တော့်ပြန်တိုက်နေပေမဲ့ ကျွန်တော့်ကို ဂရုစိုက်​ပေးနေတဲ့ သူ့စိတ်ကိုခံစားလို့ရတယ်။

လှမ်းပေးနေတဲ့ နွားနို့ထည့်ထားတဲ့ခွက်ကိုလှမ်းယူလိုက်ပြီး သောက်နေတုန်း ကျွန်တော့်ဆံပင်တွေကို သူ့လက်တွေနဲ့ပွတ်သပ်လာပြီး

You've reached the end of published parts.

⏰ Last updated: Apr 11 ⏰

Add this story to your Library to get notified about new parts!

There's no rule for LOVE~Where stories live. Discover now