Part - 18 < Special BD >

288 28 13
                                    

# ဟင် ........... oppa baekhyun မဟုတ်လား ဟင် #

ကောင်မလေးရဲ့ အံ့သြ၀မ်းသာတကြီးနဲ့ ပြောဆိုသံကြောင့် ဘေးပတ်ဝန်းကျင်မှ လူများပါ ကျွန်မတို့နား ၀ိုင်းအုံလာတယ်

ကျွန်မမှာတော့ ..... ဘာဆို ဘာမှတောင် မပြောနိုင်တော့လောက်အောင်ပါပဲ ..... နာသွားတဲ့ ဒူးခေါင်းလေးကို အသာဖိရင်း ဘာအရောင်မှမပါပဲ အဖြူ သန့်သန့် မျက်ဝန်းလေးနဲ့သာ သူ့ကို မော့ကြည့်လိုက်မိတယ်

သူ့ကြည့်ရတာလဲ mark ချွန်လိုက်မိမှန်း ခုမှ သိလိုက်ပုံပါ နှစ်ယောက်လုံး ဘာလုပ်လို့လုပ်ရမှန်းမသိလိုက်ခင်မှာတင် ..... တဖြည်းဖြည်းများပြားလာတဲ့ ကျွန်မတို့ဘေးနား လူအုပ်ကို သတိထားလိုက်မိတယ်

တချို့က ဓာတ်ပုံတွေဘာတွေ ရိုက်ဖို့တောင် ပြင်ဆင်နေကြပြီ ..... baek နဲ့ ကျွန်မ အပြန်အလှန် စူးစိုက်ကြည့်ရင်း မျက်လုံးချင်းစကားပြောလိုက်ပါတယ် ....... ကျွန်မဆီကို အမြန်ကမ်းပေးတဲ့ သူ့ရဲ့လက်လေးနဲ့အတူ အားကုန်သုံးပြီး နာနေတဲ့ ဒူးခေါင်းကို မငဲ့နိုင်ပဲ အဲလူအုပ်ကြားက ကျွန်မတို့ ထိုးဖောက် ထွက်ပြေးခဲ့ကြပါတယ် ......

အော် ကံတရားကလဲ ထူးဆန်းပါပေ့ သူ့မွေးနေ့ မြန်မာကိုလာခဲ့တုန်းကလဲ chen oppa တို့လိုက်လို့ ဒီလိုပဲ လက်တွေ မြဲမြံစွာ တွဲရင်း ပြေးရဖူးပါတယ် .... ခုလဲ ကျွန်မမွေးနေ့ ကိုရီးယားရောက်ပြန်တော့လဲ fan တွေကြောင့် ကျွန်မတို့ ပြေးရပြန်ပါပြီ

မနားတမ်း အားကုန်သုံး ထော့နဲ့ ထော့နဲ့နဲ့ ကျွန်မ baek နောက် လိုက်ရင်း ပြေးလိုက်ရာ ....... ဈေးတစ်ခုထဲအရောက် ထောင့်ချိုးတစ်ခုနားမှာတော့ ကျွန်မတို့ အောင်မြင်စွာ fan တွေကို မျက်ခြေဖျက်လိုက်နိုင်ပါပြီ

# ဟူး ...... ဟူး .... ဟူး ....... မောလိုက်တာ ....... အဟမ့် ......... မင်း ခြေထောက်အဆင်ပြေရဲ့လား ???

ကျွန်မမျက်လုံးကို သေချာစိုက်ကြည့်ရင်း ဂရုဏာမျက်ဝန်းလေးနဲ့ သက်သာလား မေးနေတဲ့ oppa ....... အဲချိန် သတိတောင် လစ်ပစ်လိုက်ချင်ပါရဲ့နော် ...... နာနေတဲ့ ဒူးခေါင်းတောင် ဘယ်ရောက်သွားမှန်းမသိနိုင်တော့အောင် ........

When will he know that I Love him?-_-Where stories live. Discover now