Black Wedding

1.8K 296 29
                                    

တစ်နေ့မှာ သစ်ပင်ကြီးက သူ့ဆီကနေ ကြွေကျသွားရှာတဲ့ သစ်ရွက်လေးတွေကို ကြည့်ပြီး လေညှင်းလေးကို လှမ်းပြောလာခဲ့တယ်။

" မင်း ငါ့အနား မလာပါနဲ့တော့လား ၊ ငါ့ရဲ့ ပျက်စီးရာတွေက မင်းဆီကနေ မြစ်ဖျားခံလာတာ " တဲ့လေ။

--

" ဟောင့်ဟောင့်က အဘိုးရဲ့ မြေးအရင်းလေး ဖြစ်လာရင် ကောင်းမှာပဲကွယ် "

ဆယ်ကျော်သက်ကောင်လေး ဆောင်းဟန်ဘင်းဟာ ထိုစကားများကို ကြားလေတိုင်း တိတ်တခိုးလေး အံကြိတ်ရင်းသာ သူ့အဘိုးကို ပြုံးပြရလေ့ရှိသည်။ နေ့တိုင်းနီးပါး ထိုကဲ့သို့ ချီးကျူးခံခဲ့ရစမြဲ ဖြစ်ပါသည့် ကျန်းဟောင့်ကမူ ပါးမို့များ ဖောင်းတက်လာသည်အထိ ပြုံးပြရင်း အဘိုး စိတ်ချမ်းသာအောင် ထားတတ်စမြဲ။

အမှန်ပင် ၊ ဆောင်းဟန်ဘင်းက အမြဲတမ်း ကျန်းဟောင့်၏ အနောက်တွင်သာ နေခဲ့ရသူတစ်ယောက်။

ကျန်းဟောင့်က အမြဲတမ်း အခန်းထဲတွင် အမှတ်ပြည့်ယူကာ ပထမရတတ်သည် ၊ ဆရာဆရာမများကလည်း လိမ္မာရေးခြားရှိလွန်းသည် ဟု ဆိုကာ စံပြကျောင်းသားအဖြစ် ချီးကျူးပေးတတ်ကြသည် ၊ ဂီတတူရိယာများကိုလည်း ကျွမ်းကျွမ်းကျင်ကျင် တီးတတ်ပြီး ဉာဏ်ကြီးရှင်လေးဖြစ်ကြောင်း လူတိုင်း၏ ပါးစပ်ဖျားတွင် ရေပန်းစားနေတတ်သည်။

အထူးသဖြင့် သူ့အိမ်မှ မိသားစုဝင်များကတောင် ကျန်းဟောင့် ၊ ကျန်းဟောင့် ဟု တဖွဖွပြောရင်း ချီးကျူးမဆုံး။

" ဘင်းနီးလည်း သူ့လို ဖြစ်အောင် အများကြီး ကြိုးစားရမယ်နော် "

ထိုစကားကို ကြားရတိုင်း ဆောင်းဟန်ဘင်းဟာ လက်သီးကိုသာ တင်းတင်းဆုပ်ထားမိပါသည်။ ကျန်းဟောင့်ကမူ ဒီအခြေအနေတွေ အကုန်လုံးကို မသိသလို ၊ မဟုတ်သေး မသိချင်ယောင်ဆောင်ထားသလို သူ့ကို မျက်လုံးကြည်ကြည်များဖြင့်သာ ကြည့်လာတတ်လျက်သား။

လေ​ပြေလေးက‌တော့ ဘာရည်ရွယ်ချက်မှ မရှိဘဲ တိုးဝှေ့သွားရုံ ဖြစ်လောက်ပါ၏။ သို့သည့်တိုင် ကြွေကျကျန်ရစ်ခဲ့ပါသည့် သစ်ရွက်ခြောက်များ၏ ခံစားချက်များကိုရော မည်သူက စာနာပေးလိမ့်မည်နည်း။

Behind The CurtainWhere stories live. Discover now