"အင်းဆက်လိုက်ဦး...တကူးတကအိမ်ထိလာရှာပြီးပြောသွားတာ"

"ဘယ်သူနဲ့ဖုန်းပြောနေတာလဲ"

"မမစု...ဟင်!.."

အပေါ်ပိုင်းဗလာနဲ့ရေချိုးခန်းထဲက ထွက်လာသူက အနှစ်ဘေးနားဝင်ထိုင်ပြီး သူမခန္ဓာကိုယ်ကိုအားရပါးရဆွဲဖက်ပြီး လည်တိုင်းနားမျက်နာကပ်လိုက်တာမို့ ရှက်သွားရသည်။ အကြီးရှေ့မှာ ဘာလုပ်တာလဲ။

စက်ဝန်းက သူမမဖြေရသေးခင် ဘေးနားထိုင်ပြီး ထိုသို့အပြုအမူကိုလုပ်လိုက်တာကြောင့် လည်တိုင်နားမျက်နှာကပ်ပြီးမှ သူမဖြေသံကိုကြားလိုက်ရသည်။

"ရှင် ဖယ်နော်! ကျွန်မvideo callပြောနေတာ"

သူက သူမလည်တိုင်နားကပ်‌ထားသည့်ခေါင်းကို ပြန်ထောင်ကာ တစ်ချက်ကြည့်သည်။ ပြီးမှ မမစုကိုမြင်ပြီး တစ်ချက်ပြုံးပြသည်။

"ဆောရီး ကျွန်တော်စိတ်မထိန်းနိုင်လို့"

"အနှစ် ဒါဆိုအကူအညီတောင်းပါတယ်နော် ချလိုက်တော့မယ် "

မမစုက လင်မယားနှစ်ယောက်ပူးကပ်နေတာ‌မြင်တော့ မနှောင့်ယှက်ချင်တော့ဘဲ ဖုန်းချသွားသည်။
အနှစ်ကတော့ အရမ်းဒေါသထွက်သွားသည်။ ဒင်းတမင်လုပ်တာ။ ဖုန်းပြောနေတာသိရက်နဲ့ အဝတ်ဗလာနဲ့လူကိုလာဖက်တာ။

"ဖယ်‌! ကျွန်မအင်္ကျီတွေစိုကုန်ပြီ"

"မစိုပါဘူး ကိုယ်သုတ်ထားတယ်"

"ခေါင်းကရေစိုနေသေးတယ်"

"ရတယ် ခဏနေခြောက်သွားလိမ့်မယ် အလုပ်နားတဲ့ရက်လေးမိန်းမနားကပ်ရတာကို အရမ်းတွန့်တိုတာပဲ"

"ပူတယ်မကပ်နဲ့..."

"ရတယ် မမစုကဘာအကူအညီတောင်းတာလဲ"

"ညနေသွားစရာရှိတယ် အဲ့တာ!"

"ဘယ်လဲ "

အစက ကောင်းမွန်စွာပြန်ဖြေမလို့ဆိုပေမဲ့ အရင်က လွန်းမြတ်ကိစ္စကိုပြန်သတိရသွားကာ...

"ညနေ လေဆိပ်လိုက်ပို့ပေး! ဧည့်သည်တစ်ယောက်ကိုသွားကြိုရမှာ"

"ဘယ်သူလဲ"

"မမစုရဲ့မောင်လေး"

မောင်လေးဆိုတဲ့စကားအဆုံးမှာ စက်ဝန်းမျက်ဝန်းတွေထဲ မကျေနပ်ချက်တစ်ချို့ရောက်လာ၏။

နှလုံးသားနီးနီး...စည်းပါးပါး(Love And Pride)[Completed]Donde viven las historias. Descúbrelo ahora