Part-17

48 2 4
                                    

ရှောင်ကျန့်ရှက်ရှက်နဲ့ကားပေါ်ကပြေးဆင်းလာတော့သည်..အတန်းထဲရောက်တော့ထုံးစံအတိုင်းသူ့ခုံပေါ်မှာအပြည့်ဖြစ်နေတဲ့မုန့်များ...

ရှောင်ကျန့်လည်းမုန့်တွေကိုအတန်းထဲကသူငယ်ချင်းတွေကိုကျွေးလိုက်တော့သည်...

ခဏကြာတော့ယွီပင်းနဲ့ဟောက်ရွှမ်းရောက်လာတယ်...

ယွီပင်း::; ဟျောင့်ရှောင်ကျန့်...အခြေအနေလေး...

ရှောင်ကျန့်::; ဟီးဟီး....ကိုကိုနဲ့ငါနဲ့ချစ်သူတွေဖြစ်သွားပြီ...

ယွီပင်း::; ထင်တော့ထင်ပါတယ်..ဟောက်ရွှမ်းမင်းရောဘယ်လိုလဲ...

ဟောက်ရွှမ်း::; ဟင်းးး🙁....ကိုကိုငါ့ကိုမတွေ့ချင်ဘူးထင်တယ်...

ယွီပင်း::; ဘာလို့လဲ...

ဟောက်ရွှမ်း::; ငါ‌မနေ့တုန်းကကိုကို့ကိုဖုန်းဆက်လိုက်တယ်ကွာ...ဖုန်းစဆက်တော့အကောင်းကွာ...ငါကသူ့ကိုသိတယ်..သူနဲ့တွေ့ချင်တယ်...ပြီးတော့သူ့ကိုအမြဲစောင့်ကြည့်နေတာလို့ပြောတော့..သူကရီပြီးငါ့ကိုဘယ်သူလဲမေးတယ်ကွာ...အာ့တော့ငါလည်းပြောပြလိုက်တာပေါ့...အာ့တာကိုသူကဘာမှပြန်မပြောပဲဖုန်းချသွားတယ်...😞

ယွီပင်း::; ဟားဟား..ဟား~....သူငယ်ချင်းရယ်..စိတ်မကောင်းဘူး...

ရှောင်ကျန့်::; ငါ့အထင်တော့...ကျိရန်ကောမှာရည်စားရှိတယ်ထင်တယ်..

ဟောက်ရွှမ်း::; ဘာ!!!!...

ယွီပင်း::; ဖြေးဖြေးအော်ပါကွာ...နားတွေကန်းတော့မှာပဲ..

ဟောက်ရွှမ်း::; သူမင်းကိုပြောပြတာလား!!

ရှောင်ကျန့်::; မပြောပါဘူး..ဒါပေမယ့်သူပုံစံကလေတစ်ယောက်ယောက်ကိုချစ်နေသလိုမျိုး...မင်းလည်းသိပါတယ်..ငါနဲ့သူကငယ်ငယ်လေးထဲကတစ်အိမ်ထဲတူတူကြီးပြင်းလာခဲ့တာ..
အာ့တော့သူ့အမူအရာကိုငါသိတယ်လေ...ကျိရန်ကောကတစ်ခါတစ်လေ..သူဖုန်းကိုကြည့်ပြီးပြုံးနေတက်တယ်...ငါခိုးကြည့်ပေမယ့်မမြင်ရဘူး..ငါအစကထင်လိုက်တာကဟာ‌သတွေကြည့်လို့များလားလို့ပေါ့..ဒါမဲ့သူကကြည်ကြည်နူးနူးကိုပြုံးနေတာ..နောက်ပိုင်းသိရတာတော့သူကြည့်နေတာကဓာတ်ပုံတစ်ပုံ..ဘယ်သူ့ဓာတ်ပုံမှန်းမသိပေမယ့်အာ့ဓာတ်ပုံကိုကြည့်ကြည့်ပြီးပြုံးတာ..

ကျွန်တော့်ရဲ့နတ်သားလေး(My angel)(Ongoing)Where stories live. Discover now