အခန်း-၅၃

321 17 18
                                    

စောင်ကိုခေါင်းမြီးခြုံထားသော မဟာမြိုင်က ဆတ်ခနဲထ,လာကာ ပြူးလည်သောမျက်လုံးများနှင့်စံရှားမောင်ကို စိုက်ကြည့်လာ၏။

မျက်တောင်မခတ် စိုက်ကြည့်နေရင်းမှ  မျက်လုံးအိမ်အတွင်း မျက်ရည်များဝေ့သီလာသည်။

စံရှားမောင် ရင်ဘတ်တစ်ခြမ်း စို့နင့်သွားရ၏။

"မငိုရဘူးလေ ကိုကို့ကလေးက!"

မျက်ရည်ကိုသုတ်ပေးကာ မကြည့်ရက်တော့ဟန်ဖြင့် ဆတ်ခနဲထ,လိုက်သော စံရှားမောင်ကို မဟာမြိုင်က ကျောပြင်မှ သိမ်းကြုံး၍ ဖက်တွယ်ထားသည်။

"မသွားရဘူး!!
ရှားက ကျွန်တော် မစေရာမသွားရဘူး!!
ဒါ အမိန့်ဘဲနော်!!
ရှား သားကိုမထားခဲ့နဲ့!!
မထားခဲ့ရဘူးနော် ကြားလား ရှား!!"

မလှုပ်သာအောင် သိမ်းကြုံးပွေ့ဖက်ထားသော မဟာမြိုင့်ဆီမှ စံရှားမောင်က လွတ်အောင်ရုန်းကာ

"ဖယ်စမ်းကွယ်...မဆိုးနဲ့!!"

ဟုဆိုကာ ဧည့်ခန်းဆီထွက်လာ၏။

အနောက်မှလိုက်လာသော မဟာမြိုင်က ဧည့်ခန်းအတွင်းရှိ ရဲများကိုမြင်သည်နှင့် မျက်နှာထားတင်းသွားပြန်သည်။

"ကိုစံရှားမောင် ဟုတ်ပါသလားဗျာ!
ကိုသူရိန်မင်းမောင်ကို ရိုက်မှု့နဲ့ လာရောက်ထိန်းသိမ်းရခြင်းပါ!"

"ဟုတ်ပါတယ်!
ကျုပ်က စံရှားမောင်ဘဲ!!"

"ဘယ်မှာလဲ ဝရမ်းပြ!!"

ကောက်ခါငင်ကာမေးသော မဟာမြိုင့်ကို ရဲသားတစ်ဦးက ဝရမ်းထုတ်ပြသည်။

"အဲ့ခွေးမသားက အရင်လာနှောင့်ယှက်တာဘဲ!
မမျှမတလုပ်ရင် ဘယ်ကောင်မှ မချောင်ဘူးဗျနော်!!"

မထိတရီမျက်နှာထားနှင့် စီးကရက်ဖွာရင်း လက်ညှိုးရွယ်ကာပြောသော မဟာမြိုင့်ကို ရဲသားများက ပြုံး၍ကြည့်နေကြ၏။

"ဒါက ဆက်လက်လုပ်ဆောင်ရှင်းလင်းရအုံးမှာပါ!
ခုက တာဝန်အရမို့ လာပြီး ထိန်းသိမ်းရုံပါ!!"

"အစကတည်းက ကျုပ်တို့ဟာ
ကိုယ့်စည်းကိုယ့်ဘောင်နဲ့ ထိန်းထိန်းသိမ်းသိမ်းနေနေကြခြင်းပါ!!
ကျုပ်တို့စည်းလာကျော်တဲ့လူကို
ခပ်ဆတ်ဆတ်တုံ့ပြန်လိုက်ရုံနဲ့
ထိန်းသိမ်းတယ်ဆိုတဲ့စကားလုံးသုံးတာကို ပြန်ရုတ်သိမ်းစေချင်ပါတယ်!!!"

Love & Vanity (အချစ် နှင့် မာန)Wo Geschichten leben. Entdecke jetzt