"​​ရောက်လာပြီလား။ မင်း​အ​ဖေထွက်လာလိမ့်မယ်။ အခုမှ ​ရေထချိုး​နေလို့​လေ"

"ဟုတ်ကဲ့ပါ အ​မေ"

ကျွန်းသားပရိ​ဘောဂများကို ​မောင်တို့အိမ်တွင် ​ဖော​ဖောသီသီ​​တွေ့ရသည်။ မ​ဟော်ဂနီ​သား စားပွဲဝိုင်းများကလည်း ဟို​နေရာသည်​နေရာမှာ အိမ်ကြီးကို အလှဆင်လျက်။

"မင်းလက်ထပ်မယ့်သူ​ခေါ်ခဲ့မယ်ဆို JungKook"

ယင်းစကားကမူ Taehyungအရှိုက်တည့်တည့်ကိုထိ၍ အိုးတိုးအမ်းတမ်းဖြစ်သွား​စေ၏။ ​ဗွေယူစရာ​တော့မဟုတ်။ ​ယောကျ်ားသားတစ်​ယောက်နှင့် အတူ​ရောက်လာခြင်းကို ​မောင့်အ​မေက ချစ်သူတစ်​ယောက်ဟု မမြင်နိုင်ခြင်းမှာ သာမာန်အတိုင်း သဘာဝကျပါ၏။

"မျက်ခြယ်..ထိုင်​လေ"

​မောင်ထိုင်ဆိုလို့သာ ထိုင်လိုက်ရသည်။ သူ့မှာ ​ခြေ​ထောက်နှင့် ကြမ်းပြင်ပင် ကပ်မ​နေ​တော့သည့်အလား။

"ဒါ ကျွန်​တော့်ချစ်သူ။ Kim Taehyungတဲ့"

​မောင့်​အ​မေ၊ ​မောင့်အစ်မ၊ ခပ်လှမ်းလှမ်းက ​စောင့်ကြည့်​နေ​သော ​မောင့်အစ်ကိုနှင့် ​မောင့်ညီမ.. အားလုံး၏ အကြည့်နှင့် အာရုံဟာ သူ့ဆီမှာ တစ်သားတည်းကျ၏။ ​မောင်က သူ့လက်ကို ပိုတင်းကျပ်စွာ ဆုပ်ကိုင်ထားသည်။

​မျှော်လင့်ထားသည့် အံ့ဩခြင်းမျိုးပါပဲ KimTaehyung. သူ့ကိုယ်သူ နှစ်သိမ့်​နေ​သော်လည်း ထင်သ​လောက် အရာမထင်။

"ငါ့သားတို့ ​​ရောက်​နေပြီ​ဆို"

​​လှေကား​ပေါ်က ဆင်းလာ​သော အမျိုးသားကြီးက ​မောင့်ဖခင်ဖြစ်ဟန်တူသည်။ ​မောင်နှင့်တူညီ​သော ​မေးရိုးထင်းထင်းများကို သူရိပ်စားမိသည်။ ​မောင်က မိဘနှစ်ပါးဆီမှ ရုပ်သွင်လက္ခဏာတစ်မျိုးစီအ​မွေရလာသူ။

"ဘယ်မှာလဲ ငါ့သားလက်ထပ်မယ့်သူက.."

အလိုက်မသိစွာ​သော Mr. Jeon၏ အ​မေး​ကြောင့် Mrs. Jeonက စူးခနဲစိုက်ကြည့်သည်။ ထိုမှသာ ​Mr. Jeonလည်း အ​ခြေအ​နေကို ရိပ်စားမိ​တော့သည်။

"​ယောကျ်ား.. ဒါက JungKookချစ်သူတဲ့"

"​ဟေ.."

​နောက်ထပ်မယုံ​နိုင်စွာ ကြည့်လာသူတစ်ဦး။ ဖြစ်နိုင်လျှင် ထူးဆန်းသူတစ်​ယောက်လို အကြည့်ခံ​နေရသည့်အချိန်ကာလအား ​ကျော်ပစ်လိုက်ချင်ပါရဲ့။

ℒ𝑖𝑠𝑡𝑒𝑛 𝑡𝑜 𝑡ℎ𝑒 ℛ𝑎𝑑𝑖𝑜♪Where stories live. Discover now