" နစ်နာကြေးလို့ပဲမှတ်လိုက်ပါ့မယ် "
" တောက် ! "
အနက်ရောင်ရှပ်နဲ့လူဟာ အရိုက်ခံရတာတောင် ဘာမှမဖြစ်သည့်ပုံဖြင့် အပြုံးတွေကလည်း တစ်ဖက်လူကို ပိုဒေါသထွက်စေသည်။ ရိုက်သွားတဲ့ ကောင်လေးဟာ နာနာကြည်းကြည်းကိုကြည့်လို့ တောက်ခေါက်ပြီးထွက်သွားတော့တာ . .
မက်သရူး လိုက်ကြည့်နေမိရင်း ရှေ့ကကျန်နေခဲ့တဲ့ အနက်ရောင်ရှပ်နဲ့ လူနဲ့ အကြည့်ချင်းဆုံတော့မှ ဒီနေရာကနေရှောင်ဖယ်ဖို့သတိပြန်ဝင်တော့တယ်။
ဘာလို့မှန်းမသိ ထိုလူကို မက်သရူးကြောက်သည်။ ခပ်ပြုံးပြုံးမျက်နှာက သာမန်လူတစ်ယောက်လိုမျိုးမခံစားရဘူး . . မာမားတို့ပြောတဲ့ လူဆိုးတွေပဲနေမှာ ..
" ဟိတ် ! မီးလေးတစ်ချက်လောက်ညှိပေးပါ "
လမ်းကြားထဲကအထွက် ထိုလူနားဖြတ်လျှောက်မှာပဲ လှမ်းခေါ်ခံလိုက်ရတာနဲ့ အလိုလိုရပ်လိုက်မိတဲ့ခြေထောက်တွေ။
ရှေ့တိုးလာသူရဲ့လှုပ်ရှားမှုကို အနောက်ကနေသူကြားနေရ၏။ တဖြေးဖြေးနီးကပ်လာတဲ့ ခံစားမှု။
ရှေ့ဆက်ပြေးလေ ! ဒီခြေထောက်တွေကဘာလို့မရွေ့ရတော့တာလဲ?
" ကျွန်တော် ဆေးလိပ်မသောက်ဘူး "
" ကျောင်းသားလား "
" ဗျာ . . ဟုတ် "
" တစ်ယောက်ထဲလာတာလား ? "
" ဗျာ . . အထဲမှာ သူငယ် .. သူငယ်ချင်းတွေပါတယ် "
သူ့ပုံစံက အထစ်အငေါ့ဖြစ်နေတယ်ဆိုပေမယ့် ခပ်တိုးတိုးရယ်သံတစ်ခုက ထိုလူဆီက ထွက်လာတာကြောင့် ပြန်ကြည့်ဖြစ်တယ်။ ဒီလူက သူ့ကိုလှောင်ချင်နေတာလား?
ဒါကို ထိုလူလည်း ရိပ်မိသွားပုံပါပဲ . . နံရံကိုမှီထားရင်း လက်ပိုက်လို့နေနေသည်ကို မက်သရူးသေချာကြည့်မိပြန်တယ်။ ဒီလူက မာကျူရီမီးရောင်အောက်မှာတောင် ချောလွန်းနေတာမဟုတ်လား?
" ကိုယ့်မျက်နှာမှာ ဘာပေနေလို့လဲ? "
" ဗျာ? "
ဟက်ခနဲရယ်ချသံအဆုံးမှာ ဆူပုတ်ပုတ်နဲ့အကြည့်လွှဲလိုက်ရသူက မိမိသာ။ ဒီလူက မုန်းချင်စရာကြီးပဲ .. ရယ်တာကအစကြည့်ကောင်းနေတာကျ လွန်တာ ..