"ဘယ်လောက်တောင် မောက်မာတဲ့ကောင်လဲ"
ထရစ်ချူဟာ ရယ်မောလာတော့သည်၊ထိုနောက်မှာ ရှေ့တက်လာကာ အန်ချူကိုကြည့်လိုက်သည်၊
"မင်းလို အလင်းစွမ်းအားပဲရှိတဲ့သူက ငါ့ကို နိုင်မယ်ထင်နေလား" ထရစ်ချူဟာလည်း အန်ချူကို အထင်သေးစွာလောင်ရယ်မောလိုက်သည်၊
အန်ချူဟာ ခနဲ့ပြုံးပြုံးလိုက်ပြီး "ငါက တူညီတဲ့စွမ်းအားခြင်းပြိုင်ဖို့ တောင်းဆိုပြီးသားပဲ မင်းမပြိုင်ချင်ရင် ငြင်းလို့ရတယ်...အိမ်ရှေ့စံနေရာကိုရောပေါ့" ပြောလိုက်တော့ ထရစ်ချူဟာ မျက်ခုံးတစ်ဖက် ပင့်တက်သွားတော့သည်၊ထိုနောက်မှာ ထရစ်ချူဟာ အင်ပါယာမင်းဘက်ကို လှည့်လာကြည့်လိုက်သည်၊
"ကျုပ်ရှူံးရင် အိမ်ရှေ့စံရာထူးကနေ ဖယ်ပေးရမယ်ပေါ့ ဒါပေမယ့် ကျုပ်ညီငယ် ရှူံးရင်ကော ကျုပ်က ဘာပြန်ရမှာလဲ... ပြိုင်ပွဲဆိုတာ မျှတမှုရှိသင့်တယ်လား ခမည်းတော်"
ထရစ်ချူစကားကြောင့် အန်ချူဟာလှောင်လိုက်သည်၊သူဟာ ရှူံးရန်အကြောင်းမရှိပေ၊
"ငါရှူံးရင် သာမန်မင်းသားထိ ရာထူးချခံလိုက်မယ်၊ ဘယ်တော့မှ နန်းတော်ထဲကို ဝင်မလာတော့ဘူး" အန်ချူဟာ ယုံကြည်စွာပြောလိုက်သည်၊သူဟာ ရှူံးနိမ့်စရာအကြောင်းမရှိပေ၊အရင်တည်းက သူရဲ့အလင်းစွမ်းအားက မြင့်မားပြီးသားပင် ကျိန်စာမိနေတဲ့ကောင်ကို အေးဆေးရိုက်သိပ်နိုင်သည်၊
"ကောင်းပြီလေ...မင်းက ဘယ်လိုယှဉ်ပြိုင်ချင်တာလဲ"
"အခြားတစ်​ယောက်ကို ကုသပေးခြင်းနဲ့ပေါ့ ဒါက အလင်းမှော်ဆရာတိုင်း လုပ်သင့်တဲ့အချက်ပဲမလား" အန်ချူရဲ့စကားကြောင့် ဧကရီဟာ လက်သီးကိုကျစ်ကျစ်ဆုပ်လိုက်တော့သည်၊သူမဟာ အန်ချူကို မုန်းတီးစွာစိုက်ကြည့်လိုက်သည်၊
တော်ဝင်မျိုးနွယ်က လူတိုင်းသိတဲ့အချက်ဟာ မင်းသားထရစ်ချူရဲ့အလင်းစွမ်းအားဟာ သူတစ်ပါးကို မကုသပေးလို့မရချေ၊ဒါကို ဘယ်လိုတောင် အရှက်မဲ့စွာ စိန်ခေါ်ရဲတာလဲ!
"အိုး...လွယ်ကူတာပဲ" ထရစ်ချူဟာ ရယ်မောရင်းလက်ခံလိုက်သည်၊ထရစ်ချူရဲ့ပေါ့ပေါ့ပါးပါး ပုံစံဟာ လူတိုင်းကို သံသယဝင်စေသည်၊