"နင်ရောက်နေတာ ငါ့ပတ်ဝန်းကျင်မှာနော် ထင်ရှားသူရ...ငါအော်လိုက်ရင် လူတွေအများကြီးထွက်ကြည့်လာပြီး ရဲစခန်းသွားရမှာက နင်ပဲ...နင့်အဖေရွေးကောက်ပွဲရှုံးစေချင်တာလား နင့်လုပ်ရပ်တစ်ခုက နင့်အဖေရဲ့ဘဝကို အစွန်းအထင်းဖြစ်စေမှာ"

"ဂရုမစိုက်ဘူး ဒါကြောင့် အပိုစကားတွေမပြောဘဲ ငါမေးတာဖြေ!.."

ရဝေသော်စိတ်ကို အဆုံးထိလျှော့ချလိုက်ကာ ခဏတိတ်နေမိ၏။ ထင်ရှားသူရက ကိုယံကိစ္စနဲ့ပတ်သတ်ပြီးကတည်းက သူမဘဝထဲကို မုန်းတိုင်းတစ်ဖွယ်ဝင်လာခဲ့တာဖြစ်သည်။ သူ့ရဲ့ချစ်စရာဇနီးလောင်းခံစားနေရတာနဲ့ပတ်သတ်ပြီး သူမကို အငြိုးထားပြီး နှောင့်ယှက်နေတာ။ သူ့ကြောင့် ရဝေသော်‌ ကိုယံနဲ့စေ့စပ်ပွဲပျက်ပြီးကတည်းက ဘယ်သူနဲ့မှတွဲလို့မရတော့။ ဒင်းက မရ,ရတဲ့နည်းနဲ့ ဖျက်စီးနေတာ။

"မင်းကြောင့် လူတွေအများကြီးနာကျင်ခဲ့ရတာ မင်းကိုပျော်ရွှင်ခွင့်မပေးနိုင်ဘူး"တဲ့လေ။ ဘယ်လောက်တောင် သူငယ်ချင်းကိုချစ်တဲ့သူလဲ။

ဒါပေမဲ့ ဒီတစ်ခါတော့ ရဝေသော်သည်းမခံတော့ဖို့ဆုံးဖြတ်ခဲ့သည်။ အရင် သူလုပ်သမျှငြိမ်နေတယ်ဆိုတာက သူမမှားခဲ့တာတွေရှိလို့ ပေးဆပ်ခဲ့တာ။ အခုအနှစ်လည်း ပြန်ရောက်လာပြီဆိုတော့ တော်သင့်ပြီလို့ထင်သည်။ ပြီးတော့ နေ့လည်ကတွေ့ခဲ့တဲ့ ကိုသွေးက သူမကို နားလည်ပေးပြီး နွေးထွေးစွာကြိုဆိုပေးခဲ့သည်။ သူမလည်း ဘဝသစ်စတင်ချင်သည်။

"ငါတောင်းပန်မယ် အနှစ်ကိုရော စက်ဝန်းကိုရော...ဒါပေမဲ့ ရည်ရွယ်မွန်ကိုတော့ မတောင်းပန်နိုင်ဘူး ငါ ရည်ရွယ်မွန်အပေါ်တော့ မှားတာမရှိဘူး ငါကငါ့အပြစ်ကိုခံသလို သူလည်း သူ့အပြစ်ကိုသူခံရတာ...နင်မယုံမှန်သိပေမဲ့ အဲ့နေ့က ငါရည်ရွယ်မွန်ကိုတွေ့တာနောက်ဆုံးပဲ"

ရည်ရွယ်မွန်ဆီမှာ ဘီလူးဆိုင်းတီးခဲ့သည့် နေ့ကတစ်နေ့ပဲရှိသည်။ အဖြစ်အပျက်အားလုံးသိသိချင်း အရမ်းစိတ်ဆိုးပြီးရန်တွေ့ခဲ့မိတာဖြစ်သည်။ ဘုရားစူး အဲ့တစ်ခါပဲ ပြောခဲ့တာ။ နောက်မှသတ်သေတယ်ကြားတော့ အံ့အားသင့်ရသေးသည်။

နှလုံးသားနီးနီး...စည်းပါးပါး(Love And Pride)[Completed]Where stories live. Discover now