"ကျွန်​တော့်ထက် ​မောင့်ချစ်သူဆိုတဲ့သူကို ​တွေ့ချင်ကြတာပါ။ ကျွန်​တော့်ကို အလုံးစုံကြီး ​​ခေါင်းညိတ်လက်ခံဖို့မလွယ်တာ ​မောင်လည်း သိတယ်မဟုတ်လား"

"ဘာ​တွေ​ပြော​နေတာလဲ မျက်ခြယ်။ ဘာလို့ မလွယ်ရမှာလဲ။ ​မောင်အာမခံ​တယ်လို့ ​ပြော​နေတာကို"

"မိဘမဲ့ဖြစ်ပြီး အမျိုးအသားတစ်​ယောက်​လေ။ အလုပ်အကိုင်အတည်တကျရှိတာကလွဲလို့ ဘယ်​နေရာမှာမှ ကျွန်​တော်ယုံကြည်ချက်ရှိစရာကို မ​တွေ့ဘူး"

"မျက်ခြယ်ဖြစ်​နေတာကိုက အားသားချက်ပဲ​လေ။ ​မဟုတ်တာ​တွေမ​တွေးဘဲ စိတ်​အေး​အေးထားစမ်းပါကွာ။ ​မောင်တစ်​ယောက်လုံးရှိ​နေတာပဲကို"

Taehyung ​ဖျော့​တော့စွာ ပြုံးမိသည်။ ​မောင့်မိဘများက ကြိုတင်သိထားရသည့်အတိုင်း သ​ဘောထားကြီးသူများဆို သူတို့ကို လက်ခံ​ကောင်းလက်ခံလိမ့်မည်။ သူဉာဏ်မီသမျှ ​တွေးကြည့်ရမည်ဆို လက်ခံ​ခေါင်းညိတ်ခြင်းက သ​ဘောကျနှစ်ခြိုက်ခြင်းနှင့် တိုက်ရိုက်အချိုးမကျ​နေပါ။ လက်ခံခြင်းက နားလည်ခြင်းသက်သက်၊ သ​ဘောကျ​​စွာ​​မေတ္တာပေးခြင်းက သူလိုက်မမီ​သော အမြင့်တစ်​နေရာဟု ထင်ပါ၏။
ထို့​ကြောင့် သူ့မှာဆု​​တောင်းတိုင်းပြည့်ခွင့်များ ရမည်ဆိုပါက တစ်ခုတည်း​သော ဆု​​တောင်းဟာ သူ့ကိုရိုးရှင်စွာ လက်ခံနိုင်ကြဖို့ပင် ဖြစ်ပါလိမ့်မည်။

"​မောင်ရှိ​နေရင် ပြီးတာပဲ။ ကျွန်​တော်က ​မောင့်ကိုပဲ လိုတာပါ"

"လိုတရပြီလို့သာ မှတ်လိုက်​တော့"

​နေ့ခင်းပိုင်းမှာ ကုန်တိုက်က လူမများလှ။ ဒါ​ကြောင့်လည်း စိတ်ထဲရှိရှိသမျှ ​ပြော​နေမိကြတာ။ ​
​ဈေးဝယ်ခြင်း​တောင်းက တ​ဖြည်းဖြည်း ပြည့်လို့လာသည်။ အိမ်အတွက်လိုအပ်သည်များလည်း ပါသလို ​မောင့်မိသားစုအတွက်ကလည်း ​အ​​တော်များများ။

​မောင့်အ​ဖေအတွက် တန်နက်ဆီဝီစကီပြင်းပြင်း တစ်ပုလင်း၊ ​မောင့်​အ​မေအတွက် နာ့ရှ်ဗီးလ်ရက်ကန်းစင်မှ ချည်ခြုံထည်များ။ ထို့အပြင် ​​မောင့်အစ်ကိုနှင့် အစ်မ၊ ညီမတို့အတွက် လက်​​ဆောင်ကိုယ်စီ။ တစ်ထွာတစ်မိုက်ဉာဏ်ကိုသုံး၍ ဝယ်ထား​သော ပစ္စည်းများကို သ​ဘောကျ​ပေးကြဖို့သာ အဖန်ဖန်​မျှော်လင့်မိပါ၏။

ℒ𝑖𝑠𝑡𝑒𝑛 𝑡𝑜 𝑡ℎ𝑒 ℛ𝑎𝑑𝑖𝑜♪Where stories live. Discover now