Chapter 2 (Part - 1)

Start from the beginning
                                    

...တစ်စုံတစ်ယောက်ရဲ့ သိုင်းပညာကို ဖျက်ဆီးပြီး သူ က ဒုက္ခိတဖြစ်သွားတာလား။

ကျန်းဆွေကျောင်း ၏ မျက်လုံးများက အံသြမှုကို ထုတ်ဖော်ပြလိုက်ခဲ့သည်။

ဒါက စွမ်းအင် ကစားတဲ့ ဂိမ်းတစ်ခုများလား။

ကျင်းမင်းဆက်အဆုံးတွင် မင်းဆက်ပျက်သုဉ်းသွားကာ ဧကရာဇ်မင်းက စိတ်ကမောက်ကမနဲ့ ယောင်ချာချာဖြစ်နေမှန်း သူ တစ်ယောက်တည်းသာ သိသည်။  အထူးသဖြင့်‌ေတာ့ ကျင်းမင်းဆက် ၏နောက်ဆုံးဧကရာဇ်ဖြစ်‌ေသာ ဧကရာဇ် ကျင်းယုံသည် နာမည်ဆိုးဖြင့်ကျော်ကြားပြီး အဓိပ္ပါယ်မဲ့ပြီး ယုတ်ညံ့သောအုပ်ချုပ်သူဖြစ်သည်။  သမိုင်းတွင် မှတ်တမ်းတင်ထားတာက သူသည် အလှတရားကို အလွဲအကဲ စွဲလမ်းပြီး  တော်ဝင်အရေးကိစ္စများကို ကလေးကစားသည့်သဖွယ် သဘောထားပြုမူတယ်လို့ပင်။   အထူးသဖြင့် သူသည် သူ့ဆွေမျိုး‌တော်များအား ဘက်လိုက်ခဲ့ပြီး သူ့ဦးရီးတော်ဖြစ်သူ ဖန်ရှောင်အား ဒေါသတကြီး လျှောက်ရမ်းကားခွင့်ပြုထားခဲ့တာပင်။

သို့သော်လည်း ကျင်းမင်းဆက်တွင် အမွေဆက်ခံသူ အနည်းငယ်သာလှျင်ရှိသည်။  ဧကရာဇ် ကျင်းယုံ အာဏာရလာသောအခါတွင် မျိုးဆက်တူတော်ဝင် တော်ဝင်သားတော်အများစုသည် အချိန်မတန်မီ သေဆုံးသွားကြပြီး ငယ်ငယ်ရွယ်ရွယ်နဲ့ သေဆုံးသွားခဲ့ရတဲ့   နာမကျန်းဖြစ်နေတဲ့
ကျင်းဝမ် တစ်ဦးတည်းသာ ကျန်ရစ်ခဲ့သည်။

ထို့အတွက်ကြောင့်မို့ ကျင်းမင်းဆက်သည် မြင့်မားလာတဲ့ လျန် မင်းဆက်မှ သုတ်သင်မခံရမီ နှစ်အနည်းငယ်ကြာသည်အထိ တောင်ပိုင်းသို့ ထွက်ပြေးခဲ့ရဖူးသည်။

သို့‌ေသာ် ယခုမူ... ကြည့်ရတာ‌ေတာ့ သူက ထိုဖရိုဖရဲနှင့် သက်ဦးဆံပိုင်တရားရုံး၏ အစိတ်အပိုင်းတစ်ခုလည်း ဖြစ်ပုံရသည်။

ကျန်းဆွေကျောင်းသည် သူ့ပါးစပ်ထဲတွင်ပင် ခါးသက်သက် ဖြစ်သွားလိုက်၏။

ပျက်စီးကိန်းဆိုက်နေတဲ့ မင်းဆက်တစ်ဆက်၏ တော်ဝင်မင်းမျိုးမင်းနွယ်ဝင်တစ်ဦး ဖြစ်လာရပြီး သက်သောင့် သက်သာရှိသော ဘဝတစ်ခုဖြင့်  သူ့အား ပေါင်းစည်းသွား‌ေစဖို့ မည်သည့် မကောင်းမှုမျိုးကို သူ ကျူးလွန်ခဲ့သနည်း။

ဒုက္ခိတစစ်နတ်ဘုရားက ကျွန်တော့် ကိုယ်လုပ်တော် ဖြစ်လာပြီးနောက်.. [UniCode Version]Where stories live. Discover now