"ဧကရီ..ကျွန်တော်ကတိပေးထားခဲ့ဖူးတဲ့သူကိုကတိမတည်နိုင်တော့ဘူးထင်တယ် ကျွန်တော်သူ့ကိုပဲစောင့်နေမှာပါလို့ကတိပေးခဲ့တယ်ဒါပေမဲ့ကျွန်တော်..ကျွန်တော်"

ရှောင်းကျန့်ကဝမ်ရိပေါ်ကိုခေါင်းထောင်ကာမော့ကြည့်လာသည်။

"ကျွန်တော်သူ့အပေါ်သစ္စာမရှိနိုင်တော့ဘူး"

ငိုမဲ့မဲ့လေးနဲ့ရင်ဖွင့်နေတဲ့သူကိုမြတ်နိုးမဝစွာကြည့်ပြီးပါးပြင်လေးကိုထိတွေ့ပေးလိုက်သည်။ဝမ်ရိပေါ်ရဲ့နှုတ်ခမ်းတွေကအပြုံးမပျက်ပါဘူး

"ရှောင်းကျန့်..ငါငယ်ငယ်တုန်းကသူငယ်ချင်းတွေနဲ့အမဲလိုက်ထွက်ဖူးတယ်တစ်ခါမှမရောက်ဖူးတဲ့အရေးဝေးတဲ့တောထဲမှာရှားပါးသားရဲတွေပေါများတယ်ကြားပြီးသွားခဲ့တာ..သူငယ်ချင်းတွေနဲ့အမဲလိုက်ရင်းငါလမ်းပျောက်သွားခဲ့တယ်လေလမ်းအမှန်ကိုမှန်းခြေနဲ့သွားနေတဲ့အချိန်ဓားပြတွေနဲ့တွေ့တော့တာပဲ..သူတို့ကမြေးအဖွားနှစ်ယောက်ဆီကငွေတွေလုယက်နေတာအဲ့တော့မတရားတာကိုမကြည့်နိုင်တဲ့ငါကပဲထိုမြေးအဖွားကိုကယ်တင်ပေးခဲ့တယ်.."

သူပြောသမျှကိုမျက်လုံးလေးပြူးဝိုင်းကာနားထောင်နေပြီးမျက်တောင်တဖျပ်ဖျပ်ခတ်နေသည်။ဆက်ပြောလာမှာကိုစိတ်ဝင်စားပြီးအတည်ပြုချင်နေဟန်ပေါ်တယ်။

"အဲ့တုန်းက ကလေးပဲရှိသေးတော့ဓားပြတွေကိုနိုင်ခဲ့ပေမဲ့ဒဏ်ရာအကြီးအကျယ်ရသွားတာ ငါကယ်တင်ခဲ့တဲ့မြေးအဖွားကငါ့ကိုတပြန်ဆေးကုသပေခဲ့တယ်..သူ့တို့အိမ်မှာပဲသောင်တင်ပြီးသူ့ရဲ့မြေးငယ်လေးနဲ့ရင်းနှီးကျွမ်းဝင်ခဲ့တယ်..သူ့နာမည်က.."

"ကျန့်ကျန့်..."

ဝမ်ရိပေါ်ကရယ်လိုက်သည်။ရှောင်းကျန့်ကတွေတွေလေးငေးကြည့်ကာမျက်ရည်တွေစီးကျလာတယ်..ထို့နောက်ရှိုက်ကြီးတငင်ငိုကြွေးလေတော့သည်။

"ကျွန်တော်ကသူ့အပေါ်သစ္စာဖောက်မိပြီထင်နေခဲ့တာ..သူ့ကိုဆက်ပြီးမစောင့်နိုင်တော့ဘူးထင်နေခဲ့တာတကယ်တော့ကျွန်တော်ကသစ္စာဖောက်တာမဟုတ်ဘူးဧကရီကသစ္စာဖောက်ခဲ့တာပဲ အီး..အင့်..ကျွန်တော့်ကိုလက်ထက်မယ်ပြောပြီ ဟင့်..ခုတော့ဧကရီလုပ်နေတယ်.."

Empress and his Servent✔Where stories live. Discover now