ဘာလို့လဲဆိုရင် မင်း ငါ့ကို ရွေးရွေး မရွေးရွေး ငါက မင်း အနားမှာပဲ ပုံစံအမျိုးမျိုးနဲ့ ကပ်တွယ်နေမှာမို့လို့

ဒါကို မင်းနားလည်လား "

အရုဏ်ဦးက သူ့စကားတွေကို နားထောင်ပြီး မဲ့ပြုံးတစ်ချက်ပြုံးသည်။

" မင်းက အတ္တကြီးစွာနဲ့ ကိုယ့်ဘက်ကိုယ်ပဲ ကြည့်နေတာလေ.... ဘာပဲဖြစ်ဖြစ်  ငါကတော့ မင်းကို စွန့်လွှတ်လိုက်ရတာပဲမဟုတ်လား "

အရုဏ်ဦးရဲ့ ထိုစကား တစ်ခွန်းဟာ သူ့အရှိုက်ကို ထိစေခဲ့သည်။သူ့ရဲ့တစ်ဖက်သတ်အမြင်ကို တိုက်ရိုက် ထောက်ပြလိုက်သည်မဟုတ်လား။ တုံ့ပြန်စကားမဆိုနိုင်ဘဲ ငေးငိုင်ကျသွားသော သူ့ကို အရုဏ်ဦးက အေးစက်သော လေသံဖြင့် ပြောသည်။

" ဒီတစ်ခါ ငါ့အလှည့် ငါ မင်းကို ရွေးချယ်ခွင့်ပေးမယ်
  "

အရုဏ်ဦးက ဘောင်းဘီအိတ်ကပ်ထဲကနေ အခန်းကတ်ကို ထုတ်ကာ အိပ်ရာပေါ် ပစ်ချလိုက်ရင်းပြောသည်။

" မယ်မယ်က ငါ့အတွက် စေ့စပ်ကြောင်းလမ်းပေးဖို့ ပြင်ဆင်နေတယ်

ငါ လက်ခံရမလား  လက်မခံရဘူးလား

မင်း ပါးစပ်ကနေဖြေစရာမလိုဘူး။ လက်ခံလိုက်လို့ ပြောမယ်ဆို  ဒီအခန်းကတ်ကို ယူပြီး သွားအိပ်လိုက်တော့.... အခန်းချင်းပြောင်းအိပ်လိုက်တာက ဘာမှ ပြဿနာမရှိဘူးမလား

မဟုတ်ရင်.......

ဒီည ငါနဲ့အတူအိပ် "

တင်းမာနေသော အရုဏ်ဦးရဲ့မျက်နှာဟာ အရေးပေါ်အခြေအနေမျိုးမှာ လူနာအတွက် ဆုံးဖြတ်ချက်ချဖို့ စောင့်ဆိုင်းနေသည့် ပုံစံမျိုးပင်။ ဝေခွဲမရနိုင်သော သူ့မှာသာ အခန်းကတ်ကို ကြည့်ရင်း ငေးနေဆဲ။ ထိခိုက်မသွားစေလိုသော အရုဏ်ဦးရဲ့ ဂုဏ်သိက္ခာ တွေ၊ အရုဏ်ဦးအပေါ် စိတ်ပျက်သွားမည့် မယ်မယ့်အကြည့်တွေ၊  စော်ဘွားရဲ့နောက်ဆုံးမျိုးဆက် ဆိုသော အတွေးတွေဟာ ခေါင်းထဲမှာ ပေါ်လာနေသည်။ ပြီးတော့ စေ့စပ်ပွဲဆိုသည့် အကြောင်းအရာ။

" မင်းရဲ့ Decision က ဒီလောက်ကြာနေမယ်ဆိုရင်  Emergency patient တစ်ယောက်အတွက် အများကြီး နစ်နာသွားမှာနော်.....  "

မောင့်ချယ်ရီ ဝေသောမြေ (Emergency Love Story)-Completed Where stories live. Discover now