သက်သက်မဲ့ ငါ့ကို ကစားချင်နေတာလား ဟမ်

"

" မဟုတ်ဘူး အရုဏ်.... ငါ   ငါ  ...  "

ဘယ်လိုရှင်းပြရမည်မသိသောအဖြစ်ဟာ နှုတ်သွက်လျှာသွက် သူ့ကိုပင် ဆွံ့အသလိုဖြစ်စေခဲ့သည်။ ငေးကြည့်ရုံနဲ့ကျေနပ်ပါတယ်ဆိုတဲ့ သူ့အတွက် ဒီလိူအနေအထားမျိုးဟာ အဆင်ပြေနိုင်ပေမယ့် အရုဏ်ဦး ဘက်ကိုတော့ သူထည့်မတွက်ခဲ့မိတာ အမှန်။ နီနီရဲရဲမျက်ဝန်းတို့ဟာ နာကျင်မှုအပြည့်ကို ဖော်ညွှန်းပေးနေခဲ့သည်။

" ငါ  ဘယ်လိုလုပ်ရမလဲ အရုဏ်.....  ငါ အဝေးကိုလည်း မသွားနိုင်ဘူး

မင်း ငါ့ကို မေ့သွားတာမျိုးကိုလည်း မလိုချင်ဘူး.....

မင်းကိုလည်း  ပိုင်ဆိုင်ချင်လို့ မဖြစ်ဘူး...

ဒီလိုအ​ခြေအနေမျိုးမှာ အခုလိုအနေအထားမျိုးကပဲ ငါ့အတွက် အဆင်အပြေဆုံးလေ  "

!! ခွပ် !!

ပါးပေါ်ကျရောက်လာသော လက်သီးတစ်ချက်ဟာ အရက်အရှိန်ကြောင့် အားလျော့သွားပေမယ့် ထိုးချက်ကတော့ ပြင်းနေဆဲပင်။

" ပိုင်ဆိုင်ချင်လို့ မဖြစ်ဘူး ဆိုပြီး မင်းဘာသာ တစ်ယောက်တည်း သတ်မှတ်နေတာလေ.... ေခွးကောင် " 

အရုဏ်ဦးရဲ့ ဒေါသအသံဟာ အတော်လေးကိုကျယ်သွားသည်မို့  လက်ညှိုးတစ်ချောင်းကို နှုတ်ခမ်းပေါ်တင်ကာ လေသံလျော့ဖို့ သတိပေးရသည်။

" ခဏလေး  ငါ ပြောတာ နားထောင်ဦး "

မရေမရာအ​ခြေအနေမျိုးနဲ့ ဝေးကွာခဲ့ရသည့် နှစ်တွေကြာညောင်းကာမှ ရှင်းရှင်းလင်းလင်း စကားပြောဖြစ်သည်မှာ  အခုမှပင်။

" မင်းရဲ့ မယ်မယ်က ငါ့ကို လက်မခံနိုင်ဘူး   အဲ့ဒါကို မင်းသိလား...

စကားတစ်ခွန်းမှမဆိုပေမယ့် မယ်မယ့်ရဲ့အကြည့်တွေကို ငါမြင်တယ်၊ ငါတို့နှစ်ယောက်အကြောင်းကို မယ်မယ်သိနေတယ်

ငါ.... မင်းကို ရွေးချယ်ရခက်တာမျိုးမဖြစ်စေချင်ဘူး အရုဏ်။   မင်းဘဝမှာ နှစ်ခုထဲက တစ်ခုကို ရွေးချယ်ရတော့မယ်ဆိုရင်   ငါက အလိုအလျောက် နောက်ဆုတ်ပေးလိုက်မှာ

မောင့်ချယ်ရီ ဝေသောမြေ (Emergency Love Story)-Completed Opowieści tętniące życiem. Odkryj je teraz