"ရှင့်ကိုယ်ရှင်တော့ အတ္တကြီးမှန်းသိသေးသားပဲ"

"တစ်ကယ်ပဲ မင်းစိတ်ပြေအောင်ဘာလုပ်ပေးရမလဲ...ငါ့အမှားအတွက် မှားတာလက်ခံတယ် တောင်းပန်ပြီးပြီ ကိုယ့်အပြစ်ကိုယ်သိလို့ ပြင်ဆင်ခွင့်တောင်းတာကို မင်းက မပေးချင်ဘူး ဟမ် မင်းတစ်ကယ်ပဲ ဘာကိုမျှော်လင့်နေတာလဲ"

"ဘာမှမလုပ်နဲ့ ကျွန်မရှင့်ကိုဘာမှမပြောဘူး ဒီတိုင်း ဒီတိုင်းပဲနေပါ"

"ဟား အနှစ်သာရ!.."

သူက သူမကို လွှတ်ပေးကာ စိတ်ညစ်သလို ဆံပင်တွေကိုလက်နဲ့ဖွပြစ်ကာ သက်ပြင်းချသည်။

တစ်ခါ စွန့်ပြစ်ခံရပြီးရင် နောက်တစ်ခါစွန့်ပြစ်ခံရမှာ ကြောက်တဲ့အထဲ အနှစ်သာရက ထိပ်ဆုံးကပါဝင်လိမ့်မည်။ ရှေ့မှာရှိနေသည့်ဒီလူဟာ အတိတ်မှာ သူမကို စကားလုံးတစ်ချို့နဲ့ရက်စက်ပြီး ကျောခိုင်းခဲ့တာ။

သူမထက် သူငယ်ချင်းကိုရွေးချယ်သွားခဲ့တာ။ အကျင့်စရိုက်က နဂိုကတည်းက တစွတ်ထိုးစရိုက်ဆိုပေမဲ့ ယုံကြည်မိရာမှ ထပ်ပြီးထားခဲ့ခံရမှာကြောက်သည်။

ကျွန်မတို့ ဘယ်သူမှထားခဲ့စရာမလိုတဲ့ဘဝမှာပဲနေကြရအောင် စက်ဝန်း။

"အနှစ်သာရ!.."

"မေမေ!.."

အသံကြောင့် သူ့ကိုငေးကြည့်နေရာမှ အသံလားရာဆီအကြည့်ပို့လိုက်သည်။

"သမီးလေး..."

သမီးလေးမျက်နှာက ငိုမဲ့မဲ့လေးဖြစ်နေကာ အနှစ်နားကိုအပြေးလာသည်။ ကြည့်ရတာ သူ့အဖေမျက်နှာတင်းနေတာကို ကြောက်တာဖြစ်မည်။

"ရန်မဖြစ်ပါနဲ့ "

"မေမေတို့ရန်မဖြစ်ပါဘူးအချစ်ရဲ့...စကားပြောနေယုံလေးပါ"

"လိမ်တယ် အော်လိုက်တာကြားတယ်"

"မဟုတ်ပါဘူးဆို"

"ဖေဖေ့မျက်နှာတင်းနေတယ်"

"မေမေက ဖေဖေစိတ်ဆိုးအောင်လုပ်မိလို့ ဖေဖေစိတ်ဆိုးသွားတာပါသမီးလေးရဲ့ မေမေတို့ရန်ဖြစ်တာမဟုတ်ပါဘူး နော် ဟုတ်တယ်မလား စက်ဝန်း"

သူ့ကို လှည့်ပြီး အကူအညီတောင်းတော့ သူ့မျက်နှာကြောလျှော့သွားကာ သမီးလေးရှေ့ဒူးထောက်ထိုင်ချသည်။

နှလုံးသားနီးနီး...စည်းပါးပါး(Love And Pride)[Completed]Où les histoires vivent. Découvrez maintenant