ထင်သည့်အတိုင်း ခါးကို လက်တစ်ဖက်နဲ့ ဆွဲကာ သူ့အနားကိုဆွဲခေါ်သည်။ အနှစ်က အကြောက်အလန့်နဲ့ အတင်းရုန်းတော့ သူ့နှုတ်ခမ်းစွန်းနှစ်ဖက်က အပေါ်ကို အနည်းငယ်ကော့တက်သွား၏။

"သိပ်တွန့်တိုမနေနဲ့ ကိုယ်တို့လက်ထပ်ပြီးကတည်းက မင်းကိုအလွှတ်ပေးထားတာ အမှန်ဆို တခြားကိစ္စတွေပါလုပ်လို့ရတယ်"

"အံမာ ရှင်လုပ်တိုင်းငြိမ်နေရအောင် ကျွန်မက စက်ရုပ်မို့လား"

"ဒါဆိုစမ်းကြည့်မလား"

ပြောရင်းဖြင့် သူက ပါးပြင်နားကိုကိုင်ကာ နမ်းဖို့ပြင်သည်။ အနှစ်ဘေးကိုလှည့်လိုက်ရင်းမှ ခပ်စွာစွာပြန်ဖြေမိသည်။

"ပေါက်ကရတွေလုပ်မနေနဲ့ စက်ဝန်း! အစကတည်းက အိမ်ထောင်ရေးဆိုတာထက် သမီးလေးအတွက် အမည်ခံလင်မယားလို့ပြောပြီးသား"

"ပေါက်ကရ...ကိုယ်အခုလုပ်နေတာကို ပေါက်ကရတွေလို့မြင်နေတာလား"

စကားပြောလိုက်သည့်အခါ သူ့လေငွေ့နွေးနွေးက လည်ပင်းကို လာထိခတ်သည်။

"မဟုတ်ရင်ဘာလဲ ရှင်က လူကို ပြန်မပေါင်းခင်က သမီးလေးအတွက်ကြောင့်လို့ပြောပြီး ပြန်ပေါင်းအောင်လုပ်ခဲ့တာ အခုပြန်ပေါင်းပြီပဲ ကျေနပ်တော့ပေါ့"

"ကိုယ်ကမင်းကိုချစ်လို့ပြန်ပေါင်းချင်တယ်ဆိုရင်ရော လက်ခံမှာလား"

"သေချာပေါက်မခံဘူးပေါ့"

"မင်းက ကိုယ်နဲ့ပတ်သတ်ပြီး သွေးအေးသွားပေမဲ့ ကိုယ်ကတော့ မင်းနဲ့တွေ့ရင် အရင်လိုပဲ တစ်ကယ်ဆို စိတ်ရှိတိုင်း နမ်းပြစ်ပြီး လုပ်ပြစ်ချင်ပေမဲ့ မင်းသဘောတူမကြည်ဖြူမှန်းသိလို့ ထိန်းထားခဲ့တာ အဲ့အတွက်လွယ်တယ်ထင်နေလား ကလေးကြောင့်ပြန်ပေါင်းဖို့ပြောခဲ့တာကလည်း မင်း ငါနဲ့ပြန်ပေါင်းဖို့အမြန်ဆုံးနည်းလမ်းက အဲ့ဒါအပြင်မရှိတော့လို့...သမီးကိုမှဆွဲမထည့်ရင် မင်းရဲ့ခေါင်းမာတတ်တဲ့အကျင့်ကို ကိုယ်နှစ်ချီလိုက်ဖြေရမှာ တစ်ခါထွက်သွားတဲ့သူက နောက်တစ်ခါထပ်မထွက်သွားဘူးဆိုတာ မပြောနိုင်ဘူး ငါ့ကိုအတ္တကြီးတယ်ပဲဆိုဆို တစ်ဖက်သတ်ပဲဆိုဆို ငါကတော့ မင်းနဲ့သမီးကို လက်မလွှတ်နိုင်ဘူး"

နှလုံးသားနီးနီး...စည်းပါးပါး(Love And Pride)[Completed]Where stories live. Discover now