အသုံးတော်ခံ ( အပိုင်း1 )

4.7K 167 24
                                    

အပြာရောင်ကောင်းကင်ကြီးရဲ့အောက်မှာအသားဖြူဖြူနဲ့ချစ်စရာကောင်းတဲ့ကောင်လေးတစ်ယောက်က
ကောင်းကင်ကြီးနဲ့အပြိုင်လှနေသည် ကြည်လင်နေသောရေကန်ကြီးရဲ့ဘေးမှာထိုင်ပြီး ခြေထောက်ရေစိမ်ရင်းပြုံးနေသောထိုကောင်လေး

"သုတ အအေးပတ်မယ်အထဲဝင်တော့''

"ကိုကိုသားကခြေထောက်ပဲရေစိမ်တာရေမကူးဘူး ခဏလေးပဲပြီးရင်လာမယ်"

"ခဏပဲနော်ပြီးရင်လာတော့''

"ဟုတ်"

၁၀မိနစ်လောက်ကြာတော့ သုတ လဲအိမ်ထဲဝင်လာတယ်

"သုတဒီနေ့ကိုကိုဂျူတီရှိတယ်အိမ်ပြန်နောက်ကျမှာ ကိုကို့ ကိုစောင့်မနေနဲ"

"အွန်းးး"
နူတ်ခမ်းလေးဆူပြီး အသံခပ်ဆွဲဆွဲနဲ့ပြောတဲ့လေးကြောင့် သေချာပြီ ဒီကလေးသူ့ကိုစိတ်ကောက်
နေပြီ

"စိတ်ကောက်သွားပြီလားဗျ ကိုကို ပြန်လာရင်
စတော်ဘယ်ရီသီးဝယ်လာမယ်လေဗျ''

"တကယ်လားကိုကို''

စတော်ဘယ်ရီဆိုသည့်အသံ ကြားတာနဲ့မျက်လုံးလေးတွေဝိုင်းစက်သွားတဲ့ရှင်းသုတ

''တကယ်ပေါ့''

"အဲ့ဆိုရတယ် ဟီး''

"ဟားဟား တကယ့်အဆိုးလေးပဲ''

ရှိန်းသူ့ညီလေးကိုသိပ်ချစ်တယ် မိဘတွေမရှိတော့ထဲက သုတလေးကိုသူပဲစောင့်ရှောက်လာခဲ့တာအလိုလိုက်ပါများတော့သုတကနည်းနည်းဆိုးချင်တယ် သုတဆိုးသမျှကိုအပြစ်မမြင်ပဲ သုတကိုအလိုလိုက်ပေးခဲ့တယ် သုတကအပြင်သိပ်မထွက်တော့ အသားဖြူတယ် အရပ်ကပုပုလေး ခါးသေးသေးလေးနဲ့ မသိတဲ့သူဆိုမိန်းကလေးနဲ့မှားနိုင်တယ်ရှိန်းကသူ့ညီလေးကိုသိပ်ချစ်လွန်းတာကြောင့်ဘယ်သူ့လက်ထဲမှမထည့်နိုင်ဘူး အထူးသဖြင့် ယောကျာ်းတွေ ခုခေတ်ကြီးထဲမှာယောကျာ်းအချင်းချင်းလဲကြိုက်ကြတာ ရှိန်းသိလို့ သူ့ညီလေးကိုဘယ်မှမလွှတ်တာဖြစ်တယ် သူတစ်သက်လုံးစောင့်ရှောက်လာတဲ့ညီလေးကယောကျာ်းတစ်ယောက်နောက်ပါသွားရင်သူရင်ကျိုးမှာ

"ဟူးးးတကယ်မလွယ်ဘူး''

"ဘာဖြစ်လို့လဲကိုကို"

အသုံးတော်ခံWhere stories live. Discover now