ငါ့ကိုအလိုလိုက်လွန်းတဲ့ဇနီးချောလေး

1.4K 96 0
                                    

Part 32

နောက်တနေ့မနက် ထန်ထန် နိုးလာတဲ့အခါမှာတော့, မနေ့ညက သူမကိုပြောသွားတဲ့ ကျိယန် ရဲ့ စကားတွေကို သတိရသွားတယ်။ သူမ စက္ကန့်အနည်းငယ်လောက် သတိလက်လွတ်တွေးနေပြီးမှ အိပ်ယာပေါ်ကနေ ဆင်းလိုက်တယ်။ သူမ ပထမဆုံးလုပ်တဲ့အရာကတော့ အကြွေး၀ယ်ကတ်ကို အ၀တ္ဗဒိုရဲ့ အောက်ဆုံးထပ်မှာ ထားလိုက်ပြီး သော့ခတ်လိုက်တာပဲ။ အဲ့ထဲမွာ ပိုက်ဆံတွေအများကြီးရှိနေတာကို သူမအနေနဲ့ ပျောက်အောင်လုပ်လို့ လုံး၀မဖြစ်ဘူးလေ။

အကြွေး၀ယ်ကတ် လုံခြုံစွာရှိမရှိ သေချာအောင်အထပ်ထပ်စစ်ဆေးပြီးတဲ့နောက် သူမသက်ပြင်းချလိုက်ပြီး လုပ်စရာများလုပ်ဖို့အတွက်ထွက်သွားတော့တယ်။

သူမ ဂျင်းပိတ်စများကိုထုတ်ယူလိုက်ပြီး အွန်လိုင်းမှပုံစံများကို အတုယူကာ အသေးလေးအတွက် ချုပ်ပေးဖို့ပြင်လိုက်တယ်။

သူမတို့ဆီမွာ ပိုက်ဆံတွေရှိကြောင်း ကျိယန်က သူမကို ငွေကြေးအတွက် စိတ်မပူဖို့ပြောခဲ့ပေမယ့်လဲ သူမအနေနဲ့ ပိုက်ဆံတွေကို အလဟသ မဖြုန်းတီးနိုင်ပေ။ အနာဂတ်မှာ သူမတို့တွေ ငွေလိုနိုင်တဲ့အခြေအနေတွေများစွာ ရှိလာနိုင်တာကြောင့် တတ်နိုင်သမျှချေွတာသင့်တယ်လို့ သူမတွေးလိုက်မိတယ်။ ဒါ့အပြင့် မိခင်တစ်ယောက် ဇနီးတစ်ယောက်အနေနဲ့ မိသားစုအတွက် အ၀တ်အစားချုပ်ပေးတယ်ဆိုတာ ပျော်ရွှင်ခြင်းတစ်မျိုးပဲလေ။ သူတို့အတွက် သူမ လုပ်ပေးနိုင်တာ အများကြီးမရှိတာကြောင့် သူမ လုပ်နိုင်တာတွေကို ကိုယ်တိုင်လုပ်ပေးချင်တယ်။ ဒါ့အပြင့် သူမချုပ်ပေးတဲ့အဝတ်တွေက ဝတ်လိုက်ရင်သက်တောင့်သက်သာ ရွိမယ္လို့ လုံး၀အာမခံနိုင်တယ်။

ကျိရှောင်ကျိုး တစ်ယောက် ထန်ထန် သူ့အတွက်အဝတ်အစားချုပ်ပေးနေမှန်းသိတဲ့အတွက် အရမ်းစိတ်လှုပ်ရှားနေပြီး ဂိမ်းလဲမဆော့ စာလဲမဖတ်နိုင်တော့ပေ။ သူထန်ထန့် ဘေးနားမှာ လှဲနေပြီး သူမလှုပ်ရှားနေတာတွေကို မပျင်းမရိပဲ ကြည့်နေတယ်။

သူက အကြံတစ်ချိ့တောင် ပေးလိုက်သေးတယ်

မာမီ ကျွမ်းကျွမ်း ၀တ်သလိုမျိုး အရှေ့မှာ အိပ်အကြီးကြီး သားလိုချင်တယ်, လုပ်ပေးလို့ရလား...

ငါ့ကိုအလိုလိုက်လွန်းတဲ့ဇနီးချောလေးWhere stories live. Discover now