ငါ့ကိုအလိုလိုက်လွန်းတဲ့ဇနီးချောလေး

Start from the beginning
                                    

အာရုံစူးစိုက်ထားတဲ့ ကျိယန် က ပြန်မကြည့်သလို ဘာမှပြန်မပြောပေ။

တုန်းလီ က အသံတိတ်တက်ခေါက်လိုက်ပြီး စိတ်အချဉ်ပေါက်တဲ့လေသံနဲ့

မင်း ဇနီးနဲ့သားလေး ရောက်လာကတည်းက မင်းပုံစံကပြောင်းလဲသွားတယ်, ငါတို့လို နေ့တိုင်းကန်တင်းမှာရတဲ့ ဘာစားစရာဖြစ်ဖြစ်စားနေရတဲ့သူတွေနဲ့ မတူပဲ ကောင်းကောင်း စားသောက်နေရတယ်, ဘယ္လိုမွ ယှဉ်လို့မရပါလားနော်

ပြောရင်းနဲ့ ထန်ထန် ရဲ့ ဟင်းချက်လက်ရာကို သတိရသွားပြီး သွားရည်တွေမျိုချနေတယ်။

တုန်းလီ စိတ်ထဲကအကြံကိုရိပ်မိနေတဲ့ ကျိယန် က သူ့ ကိုတချက်သာကြည့်လိုက်ပြီး လစ်လျူရှုလိုက်တယ်။ ဒါပေမယ့် ထန်ထန် က သူတို့အားလုံးကို စားပြဲဖိတ္ထားတာကို သတိရသွားပြီး ပြောလိုက်တယ်

ဒီည ငါ့အိမ်ကိုလာပြီး ညစာလာစားချေ, မင်းတို့ကူညီပေးခဲ့တာကို ထန်ထန် က ကျေးဇူးတင်လို့တဲ့

တကယ္လား... 

တုန်းလီ မျက်လုံးတွေက စိတ်လှုပ်ရှားမှုကြောင့် တောက်ပလို့နေတယ်။ ရုတ်တရက်ရလာတဲ့ အားအင်တွေကြောင့် ကျိယန် ပုခုံးကို ပုတ်ပြီးပြောလိုက်တယ်

လောင်ကျိ မစ်ရှင်ကိုအပြီးသတ်ရအောင်, တောင်ထိပ်ကို ဘယ်သူအရင်ရောက်လဲပြိုင်ကြမယ်

ကျိယန်ရဲ့ နှုတ်ခမ်းထောင့်တွေ အပေါ်သို့ကွေးတက်သွားပြီး

ရွုံးတဲ့သူ ဒီညအရက်တိုက်ကြေး ဆိုတဲ့ စကားတစ်ခွန်းချန်ထားရင်း ရှေ့ကိုပြေးထွက်သွားတယ်။

အင်း

တုန်းလီ လဲ နောက်မှ အမီလိုက်သွားတယ်။ တောင်ပေါ်သို့ ပြေးတက်နေသော အရိပ်နှစ်ခုကိုသာတွေ့ရမှာဖြစ်တယ်။

သူတို့ကိုကြည့်နေတဲ့ တပ်ဖွဲ့ နှစ်ခုလုံးက စိတ်လှုပ်ရှားစွာနဲ့ ဘယ်အသင်းခေါင်းဆောင် နိုင်မလဲဆိုတာကို ခါတိုင်းလိုပဲ အနောက်မှာ လောင်းကြေးထပ်နေကြတယ်။

- - - - - - - - - - - - - -

ညနေပိုင်း သင်တန်းပြီးဆုံးတဲ့အခါမှာတော့ ကျန်းချန်း က ပျော်ရွှင်စွာနဲ့ တုန်းလီ ပုခုံးကို ပုတ်လိုက်ပြီး

ငါ့ကိုအလိုလိုက်လွန်းတဲ့ဇနီးချောလေးWhere stories live. Discover now