"ဒါဆို ကျွန်​တော်​တော့ အသက်တို​တော့မလားမသိဘူး"

"မျက်ခြယ်က မ​ပျော်ဘူးလား။ ဘာ​တွေမ​ပျော်နိုင်ဖြစ်​နေတာလဲ။ ​မောင်က​​ပျော်​အောင်လုပ်​ပေးမယ်"

"အရင်ကပါ။ အခု​တော့ ​မောင်အနားရှိ​​နေလို့ထင်တယ်။ အလိုလို​နေရင်း စိတ်ချမ်းသာ​နေမိတယ်။ အရင်ကများ ​ပျော်စရာကိစ္စက လစာတိုးတာကလွဲရင် မရှိဘူး"

မျက်ခြယ်၏ မထိရက်မကိုင်စွာ​ နူးညံ့လွန်း​သော ပါးပြင်နုနုကို သူ့လက်ဖဝါးဖြင့် ​ဖြေးညှင်းညင်သာစွာ အုပ်ကိုင်လိုက်၏။ မျက်ခြယ်ကို ​ပျော်​အောင်လုပ်ဖို့တာဝန်က သူ့ဆီမှာ။ သူတစ်​​ယောက်တည်းကပဲ သံသရာတစ်​လျှောက် တာဝန်ယူချင်စမ်းသည်။

ညိုစိုစိုမျက်ဝန်းတို့ အ​ရောင်​တောက်ပ​နေဖို့ရာ၊ နှုတ်ခမ်းသားထက်ကအပြုံးများ အသက်ဝင်​နေဖို့ရာ.. မျက်ခြယ်၏ ​​ခြေဖမိုး​ပေါ်က ဖုန်စဖုန်န​လေးကအစ ​ဦး​ခေါင်း​ပေါ်မ​တော်တဆကျလာမည့် မိုးစက်​တွေအထိ သူက ​ပျော်​ပျော်ကြီး တာဝန်ယူ​​ပေးချင်ပါ၏။

"လစာတိုးသည်ဖြစ်​စေ ​လျှော့သည်ဖြစ်​စေ.. ​မောင်ကပဲ မျက်ခြယ်ကို​ပျော်​အောင်လုပ်​ပေးမယ်"

​မောင့်အတွက် ယုံကြည်ခြင်းများက တနင့်တပိုး။ ရင်ခုန်နှုန်းက ခပ်မြန်မြန်။ နှလုံးသားက ​မောင်နှင့်ဆုံမှ ကပ်​ဘေးဆိုက်​နေသည်။ ​မောင့်​မေတ္တာပိုက်ကွန်ထဲ နယ်ကျွံပါလျှင် လွတ်​​​မြောက်ရာလမ်းမရှိပါ​လေ။
သူဟာ တစ်သက်နှင့်တစ်ကိုယ် ​မောင့်တစ်​ယောက်ချစ်မိသွားပြီး သံသရာသည်စက်ဝိုင်းလည်သ​ရွေ့ ချစ်ခြင်းကို သယ်ပိုးသွားချင်မိပါ၏။

"​မောင်ချစ်တာခံရတာ ကျွန်​တော်သိပ်ကံ​ကောင်းလို့ပဲဖြစ်လိမ့်မယ်"

"​မောင်ကသာ ကံ​ကောင်းလို့ မျက်ခြယ်ရဲ့အချစ်ကို ရခဲ့တာပါ"

​ကျေးလက်ဂီတသံ တငြိမ့်ငြိမ့်က အသံချဲ့စက်​ကြောင့် ကျယ်​လောင်​နေ၏။ ​​ဘေးဝန်းကျင်ကလည်း တိတ်ဆိတ်​ငြိမ်သက်​နေတာမဟုတ်။ ထိုအသံလှိုင်းများစွာကြားမှ သူဟာ ​မောင့်အသံကိုသာ ခွဲထုတ်နားဆင်နိုင်စွမ်းရှိ၏။
​မောင့်အချစ်​တွေကို သယ်ပိုးထားရတဲ့ ​​နေ့ရက်တိုင်းက အိပ်မက်လှလှ​လေး​တွေကို စိန်စီထားသလို တန်ဖိုးကြီးလွန်းလှပါ၏။
____

ℒ𝑖𝑠𝑡𝑒𝑛 𝑡𝑜 𝑡ℎ𝑒 ℛ𝑎𝑑𝑖𝑜♪Opowieści tętniące życiem. Odkryj je teraz