"ကျွန်တော် ခေတ်ဦးလေးကိုကျောင်းပို့ကျောင်းကြိုလေးလုပ်ချင်လို့ ၊ အိမ်မှာကလည်း လုပ်စရာအလုပ်မရှိတော့လေ''

"သားကိုအကြိုအပို့လုပ်ဖို့အတွက်က ကိုထွန်းကိုရှိပြီးသားလေ မဟာက အိမ်မှာသက်တောင့်သက်သာနေပါ''

"ဟုတ်.....''

မသွားရဘူး မလုပ်ရဘူးလို့ပြောလိုက်ရင်
မျက်နှာငယ်လေးနဲ့ဖြစ်သွားပြန်ပြီ။

"ဒါဆိုကိုယ်နဲ့လိုက်ခဲ့ပါလား...အိမ်မှာနေရမှာပျင်းနေတာထက်စာရင် ကိုယ့်ကဲ့ရုံးခန်းထဲမှာဆိုရင်တော့ ပျင်း​ေနလိမ့်မယ်တော့ကိုယ်မထင်ဘူး''

သူပြောလိုက်တော့ မျက်နှာလေးကရွှင်လန်းလာကာ

"ကျွန်တော်တကယ် လိုက်လို့ရလို့လားဦး''

"အင်းးးလိုက်ခဲ့ကိုယ်ခေါ်တာမို့ လိုက်လို့ရပါတယ်''

သုံးယောက်သား မနက်စာစားပြီး၍ ခေတ်ဦးလေးကိုကျောင်းပို့ပြီး ကုမ္ဗဏီ ကိုထွက်လာခဲ့ကြတော့သည်။
ကုမ္ဗဏီ ရောက်တော့ နှစ်ယောက်သားဝင်ခဲ့ကြပေမဲ့ ကျွန်တော့ကိုသာ ကွက်ကြည့်ကွက်ကြည့်နဲ့မို့ ကျွန်တော်မနေတတ်စွာ ဦးရဲ့ဘေးကိုရောက်အောင်သွားပြီး သူ့လက်ကိုကိုင်လိုက်ရသည်။
ထိုအခါမှ သူ့ကိုလှည့်လာသောဦးကြောင့် လှမ်းကိုင်ထားသောလက်ကိုမရဲတရဲဖြင့်လွှတ်ရန်ပြင်လိုက်ရသည်။
သို့ပေမဲ့ သူ့လက်ကို လွှတ်ထွက်သွားတော့မည့်အလား မြဲမြံစွာကိုင်လာသောဦးကြောင့် သူစိတ်အေးစွာရုံးခန်းထဲထိလိုက်ခဲ့လိုက်တော့သည်။

ရုံးခန်းထဲဝင်သွားသည့်နှင့် ဦးရဲ့အတွင်းရေးမှူးတစ်ဖြစ်လဲ ကိုစိုင်းကိုတွေ့ရပြန်သည်။

တိတ်ဆိတ်လျက်ရှိနေသောဤအခန်းထဲတွင် မဟာတစ်ယောက်အိပ်ငိုက်လာရသည်။
Sofa တွင်ထိုင်ကာငိုက်နေသော ကလေးငယ်ကိုကြည့်ကာ သူပြုံးလိုက်မိသည်။

ဒီပုံအတိုင်းဆိုရင် နှဖူးနဲ့စာပွဲနဲ့မိတ်ဆက်iကြတော့မည်အမှန်။

"မဟာ....ကလေးငယ် အိပ်ချင်နေရင် နောက်ကအခန်းထဲဝင်အိပ်လိုက်ပါလား''

"ဗျာ...ဟုတ်''

အိမ်မှာနေတာ ပျင်းလို့လိုက်ခဲ့ပါတယ်ဆို အခုတော့ ဘာအလုပ်မှမလုပ်ရပဲ sofa ပေါ်ထိုင်ပြီးငိုက်တဲ့အလုပ်ပဲလုပ်ရတော့တယ်။

မဟာ့ရဲ့တံတိုင်း(ongoing)Tahanan ng mga kuwento. Tumuklas ngayon