...................

"ကျေးကျေး နင်ထစမ်း!!!'

သေကွင်းသေကွက်နေရာ ထိမထားပေမယ့်
သူမ ထွက္မပြေးနိုင်လောက်အောက် အကျနာနေပြီဖြစ်ကာ

"ဒီအိမ်တွင်းမှာ နင်ဟာ တကယ်ပိရိတဲ့ သူလျိုပဲ သိရဲ့လား!!!'

"အ ရှင့်တို့ကို ဘာမှမပြောနိုင်ဘူး သတ်ရင်သတ်လိုက်!!!'

"လာသေးတယ် အခုနင်လုပ်တာ ခွန် ပါသေတော့မှာသိရဲ့လား အဲ့ဒါနင့်ကျေးဇူးရှင်လေ မသာမရဲ့"

"ဟင့်အင်း သူ မသေစေရဘူး သေရမှာက ဟိုမိန်းမိ ဟိုမိန်းမကသေရမှာ!!!'

"နင်ဘာတွေ သတင်းရောင်းထားလည်း အခုဖြေ"

"ကိုကို့ အသက်ဘေးကြုံနေရပြီလား???'

"ပြတ်လတ်သွားတဲ့ဆက်သွယ်မှု တချို့ကြောင့် အတိကျမသိရသေးပေမယ့် ဘိူးလေးတော်ကို လက်ထောက်ချလိုက်တာဟာ
ခွန့်ကို သတ်ပါလို့ လက်ညိုးထိုးပြလိုက်တာပဲ"

"ဟင့်အင်း သူတို့ မသတ်ဘူးလို့ ကတိပြုထားတာ"

"နင်အဲ့လောက်နုံလား ဟမ် ဒီမိန်းမ ငါရိုက်လိုက်ရ"

"ဂျိုကာ စိတ်မလောနဲ့"

စနိုက်ပါလက်ဖြောင့်သမား ရဲရင့်က ဒေါသထွက်နေတဲ့ ဂျိုကာ့ကို တားယူရင်း ကျေးကျေး ရဲ့ ကိုယ်အနှံ့ သဲလွန်စရှာသည်။

"မင်းတိုက်ရိုက်ဖြေမလား ငါတို့သတ်ပစ်ရမလား"

"ဟားဟား သတ်ပစ်လိုက်စမ်းပါ ‌ကျွန်မသေရင် ကိုကိုရှင်တို့ကိုဒီတိုင်းထားမယ်ထင်လား??"

"အဟင်း မင်း‌ေသနတ်ဒဏ်‌ေကြာင့်
လဲကျသွားပြီ လို့ငါတင်ပြတုန်းကတောင် မင်းကိုသူပြန်မမေးခဲ့တာ သူ့ဘ၀မှာ အရေးကြီးဆုံးက ဘာလည်း မင်းသိလား"

ကျေးကျေးကမျက်ရည်တွေပြည့်ကျပ်သိပ်နေခဲ့ပြီး ပြန်ဖြေစရာစကားမရှိ

"သူ့ရဲ့မဟေသီရယ် သူ့ရဲဘော်ရဲဘက်တွေရယ်ကလွဲရင် ကျန်တာဘာမှ တန်ဖိုးမထားဘူး
အခု မင်းလက်ထောက်ချတဲ့ ဘိုးလေးတော်ကသာ အရာအားလုံးဖျက်စီးပစ်မှာ"

"အခု ဆရာ့အသက် ဘေးတွေ့နေရလောက်ပြီ!!"

ကျေးကျေးကမျက်စံတို့ဟိုဟိုဒီဒီရွေ့လျားနေပြီး စိတ်လွတ်နေသူသကဲ့သို့အရူးမလိုထပြောသည်။

ခါးသက်ပြင်းရှတဲ့ဝိုင်တစ်ခွက် ယစ်မူးစေသောသိုးငယ် မူးမိုက္မိသောသားရဲWhere stories live. Discover now