"ဒါခရိုင်မင်းမိတ်​​​ဆွေထင်တယ်။ ကျွန်မက ခရိုင်မင်းရဲ့ရုံးက အငယ်တန်းစာ​ရေးမပါ"

"ဟုတ်ကဲ့။ ​တွေ့ရတာ ဝမ်းသာပါတယ်။ ကျွန်​တော်က Taehyung Kimပါ"

"ကြားဖူးသလိုပဲ။ ​​ရေဒီယိုအသံလွှင့်တဲ့ Taehyung Kimမလား။ ဟုတ်တယ်မလား"

သည်စာ​ရေးမက ဒါလည်း သိသွားရပြန်ပြီ။ သည်တစ်မြို့လုံး ​အေဗာတို့က မသိတာကိုမရှိ။
သူ့မှာ​တော့ မျက်ခြယ်အ​နေရခက်မည်ကိုသာ စိုးတထိတ်ထိတ် အရိပ်အခြည်ကြည့်​နေရလျက်။ သို့​သော် မျက်ခြယ်က အကင်းပါးစွာပင် အ​ခြေအ​နေကို ထိန်း​ကျောင်းနိုင်ပါသည်။ မျက်နှာအမူအရာက ပျက်ယွင်းသွားခြင်းမရှိဘဲ ​ပေါ့​ပေါ့ပါးပါးတုံ့ပြန်ကာမှ သူ့မှာလည်း သက်ပြင်းချနိုင်​တော့သည်။

"ဟုတ်ပါတယ်။ ​သောကြာ​နေ့ည​နေအစီအစဥ်ပါ"

"နှလုံးသား​တေးသံသာ​လေ။ ကျွန်မသိပ်သ​ဘောကျတဲ့ အစီအစဥ်ပဲ။ အသံ​လေးပဲကြားဖူးခဲ့တာ။ အခုလိုခရိုင်မင်းနဲ့တွဲ​တွေ့ရမယ်​တောင် မထင်ခဲ့ဘူး"

"ကဲ.. စာ​ရေးမကြီးလည်း ရုပ်ရှင်ကြည့်ဦးမှာမလား။ ​နောက်ကျ​နေဦးမယ်။ လာ.. ​မောင်တို့သွားကြစို့"

Taehyung​ကျောပြင်​လေး မတ်ခနဲဖြစ်သွားသည်။ စိမ့်​အေး​အေး အ​​ငွေ့အသက်က ​သွေး​ကြောများစွာထဲ ပြန့်စီးလာသည်။
​မောင်ဘယ်လို​တောင် မဆင်မခြင်​​ '​မောင်'လို့ ပြောထွက်လိုက်တာလဲ။ ​​မောင်က ​ဆောလျင်စွာ ဆွဲ​ခေါ်ခဲ့​သည့်တိုင် မောင့်စာ​ရေးမ​လေး၏ အကြည့်များထဲ အံ့ဩရိပ်မည်မျှဖြတ်စီးသွားသည်အား သူအမိအရဖမ်းမိလိုက်​သေးသည်။ 'အယ်'ဟူ၍ အာ​မေဋိတ်သံ​လေး မပွင့်တပွင့်ထွက်လာသည်အားလည်း ကြားဖြစ်​အောင်ကြားလိုက်သည်။

"​မောင်ရယ်.. လူကြားသူကြား အ​ပြောအဆို ဆင်ခြင်တာမဟုတ်ဘူး။ ​မောင့်စာ​​ရေးမ​လေး တစ်မျိုးထင်သွားပါဦးမယ်"

"မျက်ခြယ်.. ဒါက စိုးရိမ်​နေစရာမှမဟုတ်တာ။ ​မောင်တို့က တိတ်တိတ်ပုန်းတွဲရမယ့်အ​ခြေအ​နေဖြစ်​နေလို့လား"

"တိတ်တိတ်ပုန်းတွဲတာ​တော့ မဟုတ်ဘူး​ပေါ့ ​မောင်ရယ်။ ဒါ​ပေမဲ့လည်း တစ်ခုခုဆိုရင် ​မောင့်ကိုပဲလူ​ပြောစရာဖြစ်မှာ"

ℒ𝑖𝑠𝑡𝑒𝑛 𝑡𝑜 𝑡ℎ𝑒 ℛ𝑎𝑑𝑖𝑜♪Where stories live. Discover now