"မင်းကများ...ငါ့ကို"
"ခွပ်!"
ထောင်ထဲမှာ ဘုရင်လိုနေနေကြလို့ ခြင်္သေ့ထင်ထားပေမဲ့ တကယ်တမ်းတော့ အဖွဲ့လိုက်ဝိုင်းကိုက်တဲ့ ခွေး သာသာအကောင်တွေပဲ။သူတို့ကို ထိတော့နာတက်လိုက်ကြတာ။
ဘေးနားက ပထွေးတွေ ယောက်ဖတွေကတောင် ဝိုင်းကူလုပ်ကြတဲ့အထိပဲ။အခြောက်ဖြစ်တဲ့ ခင်သိန်းကို ယောက်ျားတွေဖြစ်တဲ့ သူတို့က ဝိုင်းထိုးကြသတဲ့။ ဒါလား ယောက်ျားဆိုပြီး မေးပစ်လိုက်ချင်တယ်။
"ငါ×ိုးမအခြောက်ကများ ထိုးစမ်းကွာ"
ခင်သိန်းအောက်ကနေ လိမ့်နေအောင် ခံရသည်။ လက်သီးချက်ပေါင်းက မရေတွက်နိုင်ဘူး။ ကန်ချက်တွေကလည်း အရှိုက်ကို အောင့်ခနပဲ။ ဒါမဲ့ ခင်သိန်း တန်ပါတယ်။ သူ့ပါးကိုရိုက်လိုက်နိုင်တာပဲ။ လုပ်ကြစမ်းပါစေ သူတို့ကိုလည်း တခါတလေတော့ အရှက်ကဘာလဲဆိုတာ သိသင့်တယ်။သူတစ်ပါးကိုပဲ ရိုက်နှက်နှိပ်ဆက်နေလို့ ကိုယ်တိုင်အသားနာတဲ့ခံစားချက်ကိုလဲ သိသင့်တယ်။ ပုရွက်ဆိတ်ကိုက်တာနဲ့ ကျားကိုက်တာ နာကျင်တဲ့ဒဏ်ရါပမာဏခြင်းမတူပေမဲ့ အသားနာတာကတော့ တူတူပါပဲ။ နောက်ပြီး ခင်သိန်းကအရှက်ကိုကာကွယ်ခဲ့နိုင်တာပဲ။ တန်တယ်... တန်တယ် ခင်သိန်း သိပ်ကို တန်တယ်။
_______________________________
"ငါ့တူတို့ရယ် တော်ကြပါတော်ကွယ်"
"ဒီမှါ အဘိုးကြီး ခဗျားပါ သေချင်နေတာလား"
"မဟုတ်ပါဘူးကွယ် မဟုတ်ပါဘူး။ ဦးလေးကပဲတောင်းပန်ပါတယ်။ ဟိုမှာလဲ ထိူးခံရတာရစရာမရှိတော့ပါဘူး"
"မင်း..ကြပ်ကြပ်သတိထား"
ဦးတင်မောင် သတင်းကြားကြားခြင်း အပြေးရောက်လာခဲ့သည်။ ဒီနေ့မှ ခင်သိန်းနဲ့ သူ အလုပ်လုပ်တဲ့နေရာကမတူဘူး။ ဖြစ်မှာဆိုးလို့ အတန်တန်သတိပေးတဲ့ကြားက ဖြစ်သွားခြင်းသာ။ ရောက်လာတော့လဲ ကလေးခဗျာ ထိုးခံထားရတာ ရစရာပင်မရှိ။ ၀င်ဆွဲ၍လည်းမဖြစ် ဒါကြောင့်ခပ်လှမ်းလှမ်းကနေကပဲ တောင်းပန်ရုံသာ။
"ဟိတ်ကောင်လေး ထနိုင်ရဲ့လား"
ခင်သိန်းခေါင်ငြိမ့်ပြလိုက်သည်။
YOU ARE READING
လွတ်လပ်ခွင့် ( Uni + Zaw)
Non-Fictionမိန်းမလျာတစ်ယောက်ရဲ့ ဘ၀အခြေနေဖြတ်သန်းပုံ၊ ဖိနှိပ်ခံရပုံတွေကို ရသသဘော ရေးသားထားခြင်းဖြစ်ပါတယ်။
part 28 (Uni + Zaw)
Start from the beginning
