part 28 (Uni + Zaw)

En başından başla
                                        

"ငါ့ကို နှိပ်ပေးစမ်း"

"ဟုတ်ကဲ့ဗျ"

ခေါ်ခိုင်းသူက တန်းစည်းဆိုပေမဲ့ သူ့နောက်ကအစွယ်အပွါးတွေက အများသားပင်။ဆင်ဖြူတော်မှီပြီး ကြံစုပ်ကြသူတွေ။ အို မဟုတ်ပါဘူး အီးပုံနား ယင်နား။

"မင်းနာမည်ဘယ်သူလဲ"

"ခင်သိန်းပါ"

"ဘာရယ် ခင်သိန်း။ မင်းနာမည်က အခြောက်လား"

"အခြောက်လား"
ဒီစကါးက ခင်သိန်းရဲ့အသွေးထဲအသားထဲကို နာကျင်စေပါသည်။ ခင်သိန်းတို့ ခြောက်တာအပြစ်လား။ အခြောက်ဆိုတဲ့သတ္တဝါကို လူတွေက ရွံ့မုန်းကြတာ ဒါပေမဲ့ သူတို့ကို အဲ့အခြောက်တွေက ဒုက္ခမပေးပါဘူး။ သူတို့ကသာ အခြောက်တွေက်ို ဒုက္ခပေးနေကြတာ။
အခြောက်ကို အခြောက်လို့ခေါ်တာ ဘာနာစရာရှိလို့လဲလို့ သူတို့ပြောကောင်းပြောလိမ့်မယ်။ ဒါပေမဲ့ ဒီစကါးလုံးရဲ့နောက်က ခံစားခဲ့ရတဲ့ ခံစားမှုကို သူတို့တွေ မစာနာကြဘူး။ နားမလည်ကြပါဘူး။မိသားစုထဲ မျက်နှာငယ်ရမှုတွေ၊ စာသင်ခန်းထဲ မျက်နှာငယ်ရမှုတွေ၊ အလုပ်ထဲလဲ ဖိနှိပ်ခံရ၊ နောက်ပြီး အခြောက်ဆိုတဲ့သတ္တဝါကို စားသုံးချင်ကြတဲ့ ခွေးလောက်တောင်တန်ဖိုးမရှိတဲ့လူတွေက ရှ်ိသေးတယ်။ ဒါတွေကို သူတို့မသိဘူး။ သူတို့နားမလည်ကြပါဘူး။ သူတို့သိတာ အခြောက်ဆိုတာ စနောက်စရာ၊ နှိပ်ချစရာ အရာကြီးလိုပဲ ထင်နေကြတာ။
သိုပေမဲ့ လက်ရှိကိုတော့ ခင်သိန်း သည်းခံ...သည်းခံ။

"ဟျောင့် မေးနေတယ်လေကွာ"

"မ မဟုတ်ပါဘူး"

"မဟုတ်ဘူးသာပြောနေတာ မင်းဖင်ကြီးက တင်းနေတာပဲကွာ"

ရှေ့က တန်းစည်းကို နှိပ်ပေးနေသည်။နောက်ကတစ်ယောက်က၀င်ပြောရင်း ခင်သိန်းတင်ကို လက်နဲ့ ညစ်လိုက် ရိုက်လိုက်လုပ်နေသည်။
တဆက်တည်းမှာပင် စန်းညွှန့်တို့အခန်းထဲရောက်နေသော ခင်သိန်းကဲသို့ပင် ​အမျိုးအမည်မသိသော ကြောက်စ်ိတ်က သွေးထဲစီး၀င်လာသည်။ သို့ပေမဲ့ ထိုကြောက်စိတ်သည် မသိစိတ်ဟုသောအရာက ဒေါသအဖြစ်ပြောင်းလဲနိုင်သည်ကိုတော့ ခင်သိန်းမသိ။ ခင်သိန်း သတိထားမိချိန်မှာတော့ ထိုသူ၏ ပါးပေါ်သို့ ခင်သိန်းလက်နဲ့ ရိုက်ပြီးသည်သာ။

လွတ်လပ်ခွင့် ( Uni + Zaw)Hikayelerin yaşadığı yer. Şimdi keşfedin