I can't believe

35 4 1
                                        

နင်ဘယ်လောက် နေမကောင်းဖြစ်ပြီးပင်ပန်းနေခဲ့မလဲ ငါမသိခဲ့ဘူး။
နောက်ဆုံးထွက်ခဲ့တဲ့ Albumတောင် ငါပိုက်ဆံမရှိဘူး နောက်ထပ်ထွက်ရင် ဝယ်လို့ရသေးတာပဲဆိုတဲ့အတွေးနဲ့ မဝယ်ခဲ့မိဘူး။

အဲဒီ albumက နင့်ရဲ့ နောက်ဆုံးAlbumဖြစ်လိမ့်မယ်လို့ ငါတကယ်ကိုမတွေးမိခဲ့တာသိရဲ့လား

အလုပ်ရှုပ်နေတယ်ဆိုတဲ့အကြောင်းပြချက်နဲ့ updateတွေလည်း ဝင်မကြည့်နိုင်ခဲ့ဘူး
Concertတွေလည်း ငါလိုက်မကြည့်နိုင်ခဲ့ဘူး

ငါကအရူးလိုပဲသိလား
Rockyအဖွဲ့ထဲက ထွက်သွားတုန်းကလေ စိတ်ဆိုးမိတာ အချိန်တွေအကြာကြီး အတူရှိသွားမယ်ဆိုပြီး ဘာလို့ထွက်သွားခဲ့ရတာလဲဆိုပြီးတော့လေ

နောက်တော့သူကအဖွဲ့ထဲကထွက်သွားတာဆိုပေမယ့် တစ်ချိန်ကျ ပြန်တွေ့ကြမှာဆိုတဲ့ စိတ်လေးနဲ့ စိတ်ဆိုးပြေခဲ့ရတာပဲ

ဒါပေမဲ့ နင်ကျတော့ရော.... ဘာလို့လဲ

အချိန်တွေအကြာကြီး အတူတူရှိသွားကြမယ် ငါတို့ပြောင်းလဲသွားခဲ့ရင်တောင် ဒီတိုင်းပဲရှိနေပေးမှာဆို

အခုတော့ နင်လုပ်ရက်တယ်။ မိသားစု အဖွဲ့ဝင်တွေ ငါတို့တွေအားလုံးကို ထားခဲ့ပြီး ထွက်သွားခဲ့တာ

Lightstick လေး ဝှေ့ယမ်းပြီး Concertထဲမှာ ရှိနေချင်တဲ့ ငါ့အိမ်မက်က ဘယ်တော့မှဖြစ်မလာနိုင်တော့ဘူး။

ငါစိတ်အားငယ်နေတဲ့အချိန် နေမကောင်းဖြစ်နေတဲ့အချိန်မှာ နင်ရဲ့သီချင်းတွေက အားပြည့်လာစေပေမယ့်

နင်နေမကောင်းဖြစ်ပြီးခံစားနေရတဲ့အချိန်ကျတော့ ငါဘာမှမလုပ်ပေးနိုင်ခဲ့ဘူးဟာ။

Binnieရာ ငါအခုထိလက်မခံနိုင်သေးဘူး။ အိမ်မက်မက်နေတယ်လို့ပဲ လာပြောပေးပါလား။ Albumဝယ်တိုင်း နင့်Pcခဏခဏပါလာလို့ ငါနဲ့ဖူးစာများလားဆိုပြီး နောက်ပြောင်နေကျအချိန်တွေ ဘယ်တော့မှပြန်ရှိလာမှာ မဟုတ်တော့ဘူး။

အတောက်ပဆုံးအပြုံးတွေကို ထပ်ပြီး မတွေ့နိုင်တော့ဘူးဆိုပေမယ့် ကောင်းကင်ပေါ်မှာ အတောက်အပဆုံး ကြယ်ကလေးအဖြစ်လင်းလက်နေမှာမလား။

Rest in peace              Moon Bin

For my star (Binnie)Where stories live. Discover now