"အနှစ်က ယံကိုချစ်တယ်ဆိုလို့ သွားခွင့်ပေးခဲ့တာ...နာနာကျင်ကျင်နဲ့လမ်းခွဲပေးခဲ့တာ"

"မင်းတို့အတူနေခဲ့တဲ့တစ်နှစ်ကျော်အတွင်းမှာ အနှစ်အကြောင်းမသိခဲ့ဘူးလား လွန်းမြတ်နဲ့တုန်းကလည်း ပြဿနာဖြစ်ပြီးပြီ ဒါကို ဘာလို့ဘာမှမတွေးဘဲ အနှစ် ကိုယံကိုချစ်တယ်ဆိုတာ တန်းယုံလိုက်လဲ...မင်းမှားတာစက်ဝန်း သူငယ်ချင်းကြောင့် ချစ်ရတဲ့သူကိုစွန့်လွှတ်ပေးတဲ့မင်းမှားတာ မင်းအနှစ်ရဲ့ခံစားချက်ကို တစ်ချက်လေးမှဘာသာမပြန်ခဲ့ဘူး အနှစ်ကမာနကြီးပြီး ကိုယံကိုချစ်တယ်လို့ပြောတာကမှားခဲ့ပေမဲ့ တစ်ကယ်ဆို သုံးယောက်သားအမှန်ကို ရင်ဆိုင်ရမှာ"

ထင်ရှား ဒီလိုတွေသိလာရတာက အနှစ်နဲ့အမြဲတမ်းတွေ့ဖြစ်လို့ပင်။ စက်ဝန်းက ကွာရှင်းပြီးတာနဲ့ အနှစ်နဲ့မတွေ့ဖြစ်ဘူးဆိုပေမဲ့ သူကတော့ တွေ့ဖြစ်သည်။ အစက အနှစ်က ကိုယံကိုချစ်တယ်လို့ထင်ပြီး စက်ဝန်းဘက်ကနာရပါသေးသည်။ ဒါပေမဲ့ အနှစ်သည် ကိုယံအပေါ်ဆို သိပ်စိမ်းသည်။ အရင်ကပတ်သတ်ဖူးတာနဲ့မတူဘဲ လုံးဝသူစိမ်းအတိုင်းပဲ။ သို့သော် စက်ဝန်း ကိုယံကိုလာတွေ့တာနဲ့ကြုံရင်တော့ အနှစ်သည် ကိုယံကို အရမ်းချစ်ပြီးဂရုစိုက်သည့်ပုံစံပြောင်းသွားတတ်သည်။ ကာယကံရှင်နှစ်ယောက်က ဒါကို မသိပေမဲ့ ဘေးလူတွေကတော့ ရိပ်မိကြမှာအနည်းနဲ့အများပင်။ ကိုယံလည်းအနှစ်ရဲ့ပြောင်းလဲမှုကို သိကောင်းသိနိုင်လိမ့်မည်။

"တစ်ကယ်တော့ မွန်လေးကြောင့်ပါ"

‌အသံကြောင့်နောက်ကိုလှည့်ကြည့်တော့ မွန်လေးနဲ့ကိုမင်းထက်။

"ဘာကိုဆိုလိုတာလဲ"

"မွန်လေးတို့ စကားပြောလို့ကောင်းမဲ့နေရာကိုသွားရအောင် မွန်လေးရှင်းပြပါမယ်"

ကြောက်ရွံ့ခြင်း၊မိမိကိုယ်ကိုအပြစ်တင်ခြင်းတို့ဖြင့် ပြည့်နှက်နေသည့်မျက်ဝန်းက ဘာတွေများပြောထွက်လာမှာလဲ။

✿⁠............✿⁠...........✿⁠

"..........."

"တစ်ကယ်တော့ အနှစ် ကိုယံကိုမချစ်ခဲ့ပါဘူး ဘယ်တုန်းကမှလည်း ကိုယံနဲ့ရည်းစားမဖြစ်ခဲ့ဘူး မွန်လေးတောင်းဆိုချက်ကြောင့်သာ ကိုယံကို လက်ခံခဲ့တာ ကိုယံနဲ့အနှစ်က ဘာမှမသက်ဆိုင်တဲ့ပတ်သတ်မှုပါ...တစ်ကယ်တမ်း ကိုယံကိုချစ်ခဲ့တာ အနှစ်မဟုတ်ဘဲ မွန်လေးပါ"

နှလုံးသားနီးနီး...စည်းပါးပါး(Love And Pride)[Completed]Where stories live. Discover now