Part 27 (Uni+Zawgyi)

6.5K 238 10
                                    

Uni

"အကို့ !!!"

"အွန်း"

"စု ​ပြောစရာရှိတယ် "

​"ပြော"

ရာစု တို့အခု​နေတဲ့အိမ်ကို ပြန်​ဆောက်မှာမို့ အကို့ကိုပူဆာစရာရှိတာ​တွေကိုပူဆာနေရသည်။ အကိုက ခွင့်မပြုမှာ စိုးရိမ်တာမို့ ​ချော့ပြီး​ပြော​နေရ ၏။ ဒါ​တောင်လုံးဝခွင့်မပြုတာမို့ ရာစု စိတ်ဆိုး​နေရသည်။  အကိုဆိုတာ ဘယ်​တော့မှ သူမကြိုက်တာ မလုပ်ရပါ ။

​"ပြောပါအုန်းအုဝဲက ဘာလို့ ​​စျေး​ရောင်းချင်ရတာလဲ
ဘာ​တွေ ​လောဘကြီး​နေတာလဲ "

"မဟုတ်ဘူး​လေ အကိုကလည်း ကုန်စုံ ဆိုင် ဖွင့်ထားပြီးစုက ဦးစီးမှာပါ "

"မလုပ်ရဘူးကွာ
ပင်ပန်းတယ်
သားနဲ့ အကို့ကိုပဲ ချစ်​ပေး
ကျန်တာ အားလုံး အကို လုပ်မယ် "

ရာစုလည်း ဘာမှမ​ပြောချင်​တော့တာမို့ အကို့ကို ဘာမှမ​ပြောဘဲ  ​မေ​မေဆီသွားလိုက်သည်။  သား​​လေးက မနက်ထဲက ​မေ​မေဆီ​ရောက်​နေတာမို့ သား​လေး ဆီလိုက်သွားလိုက်တာ ပါ ။ အကို့ကိုစကား မ​ပြောချင်တာလဲပါ၏။  မနက်ဖြန်ဆို အိမ်က ဖြို​တော့မှာမို့ ခြံထဲက ​မောင်​ကျော်တို့အဖွဲ့​တွေက အိမ်​ပေါ်ကပစ္စည်း​တွေ ကို ဂို​ဒေါင်ထဲ ထည့်​နေ၏။ အကိုက အစစအရာရာ စီမံ​ပေး​နေတာ​ကြောင့် မအားပါ ။ ရာစုက​တော့ သားနဲ့ သူတို့ အသုံးအ​ဆောင်အဝတ်အစား​တွေကို ထုတ်ပိုး​ပေးရုံပါ ။ အိမ်​ဆောက်​နေတဲ့အချိန်မှာ ​မေနွယ်တို့အိမ်မှာ လိုက်​နေရမှာ မို့ တချို့ပစ္စည်း​တွေက ​မေနွယ်တို့အိမ်​တောင်​ရောက်​နေပါပြီ ။

"အုဝဲ​​လေး!!!
အုဝဲ​ရေ"

"အကို​လေးရာစု အပြင် ထွက်သွားတယ် အကို​လေး "

ဓန အ​မော​ပြေ ကြည့်ချင်လို့ အုဝဲကို လိုက်ရှာတာ အုဝဲက မ​တွေ့တာမို့ လူက ဘာလို​နေမှန်းမသိပါ ။  ​ဝေယံကို အိမ်​ဆောက်ဖို့ အားလုံး ​အိမ်ပုံစံ​ကော ​ရွေးထားပြီးမှ အုဝဲက အိမ်​ရှေ့မှာ ​စျေးဆိုင်​ဆောက်​​ပေးဖို့ပူဆာ ​နေပြန်၏။ သူက မ​ဆောက်​ပေးချင်ပါဘူး ။ အုဝဲပင်ပန်းမှာ စိုးတာ​ကြောင့် ဘာအလုပ်မှ​ပေးမလုပ်ချင်တာပါ ။ ဒါကို အုဝဲ​လေးက စိတ်ဆိုးသွားတာဖြစ်မည် ဖုန်းဆက်တာ​တောင်မကိုင်ဘဲ  ​နေ​တော့၏။

My Owner (Completed)حيث تعيش القصص. اكتشف الآن