ခန်းမထဲမှာ ကျန်ခဲ့တဲ့ ကောင်းကင်ဓါးဂိုဏ်း ခေါင်းဆောင် ရှခွမ်နဲ့ အကြီးအကဲတွေ အားလုံးကတော့ တစ်ယောက်ကိုတစ်ယောက် နားမလည်နိုင်စွာ ကြည့်နေခဲ့ကြတယ်။

“ဓါးဆွဲထုတ်ချင်တာလား”

“အဲဒါက ဘာ အဓိပ္ပါယ်လဲ”

သူတို့တွေက ခေါင်းကိုက်လုမတက် ဘယ်လိုပင်   စဉ်းစားကြပေမယ့်လည်း ယန်ချီဆိုလိုတာကို နားမလည်ခဲ့ကြပါဘူး။

သတ်ဖြတ်သူ စိတ်ဝိဉာဉ်အင်ပါယာ ဝူချင်းဖန့်က ယန်ချီကို တိတ်ဆိတ်တဲ့ နေရာတစ်ခုဆီကို ခေါ်သွားခဲ့တယ်။

“ယန်ချီ မင်း ဓါးဆွဲထုတ်နေတာကို အခြားသူတွေ နှောက်ယှက်တာ မကြိုက်မှန်း သိပါတယ်။ ဒါကြောင့် အရင်ဆုံး ငါ ပြန်တော့မယ်။ နောက်တလကြာမှ ပြန်လာခဲ့မယ်”

စကားသံ ဆုံးသွားတဲ့အခါ သတ်ဖြတ်သူ စိတ်ဝိဉာဉ်အင်ပါယာ ဝူချင်းဖန့်က ထွက်သွားပါတော့တယ်။

ဒီအချိန်မှာတော့ ယန်ချီတစ်ယောက်သာ တောအုပ်ထဲ ကျန်ပါတော့တယ်။

သစ်တောအုပ်ထဲမှာတော့ အလွန်တိတ်ဆိတ်နေခဲ့ပြီး နေရောင်တောင် ဖြာကျဖို့ ခက်ခဲပါတယ်။

တလအတွင်း ယန်ချီက ဓါးကို အရူးအမူး ဆွဲထုတ်ဖို့ ဆုံးဖြတ်ထားခဲ့တယ်။

“အဆ ငါးသန်း တိုးမြင့် မြန်ဆန်ခြင်း ”

“အဆ ခြောက်သန်း တိုးမြင့် မြန်ဆန်ခြင်း”

“အဆ ခုနှစ်သန်း တိုးမြင့် မြန်ဆန်ခြင်း”

ယန်ချီရဲ့ ဓါးဆွဲထုတ်နှုန်းက အလင်းရဲ့ အမြန်နှုန်းအနား ကပ်နေခဲ့ပြီး ဘယ်သူမှ ဒီလောက်မြန်အောင် ဆွဲထုတ်နိုင်မှာ မဟုတ်ပါဘူး။

“အဆ ရှစ်သန်း တိုးမြင့် မြန်ဆန်ခြင်း”

“အဆ ကိုးသန်း တိုးမြင့် မြန်ဆန်ခြင်း”

“အဆ ဆယ်သန်း တိုးမြင့် မြန်ဆန်ခြင်း”

သိပ်မကြာခင်မှာပဲ အထူးဓါးဆွဲထုတ်ခြင်း နည်းစနစ်က အဆ ဆယ်သန်း တိုးမြင့် မြန်ဆန်ခြင်းကို ရောက်ရှိသွားခဲ့တယ်။

အချိန်က လျင်မြန်စွာ ကုန်ဆုံးသွားခဲ့တယ်။

တလခန့် ကြာသွားပြီးနောက် .  . ယန်ချီက ဓါးဆွဲထုတ်တာကို ရပ်တန့်လိုက်တယ်။

နတ်ဘုရားရေးရာ ဓားဆွဲထုတ်ခြင်းစနစ်( ယန်ချီ )စနစ်စာစဥ် အတွဲ ၁ (ခွင့်ပြုချက်ရပြီး)Donde viven las historias. Descúbrelo ahora