"မင်းနဲ့မဆိုင်တာတွေသိပ်ဝင်ပါတာပဲ။ကျောင်းသား မင်းကျောင်းဆက်မနေချင်တော့ဘူးလား။"
ဒေါသကြောင့် မျက်ဝန်းအတွင်းထောင့်တွေနဲ့ နားရွက်တွေနီလာတဲ့ သူ့ရှေ့ကအလှလေးကို ရိပေါ်ကကြည့်ရင်း သဘောတကျ။ဆရာဆိုတာသိပေမယ့် စတွေ့ကတည်းက ဒီလူကသူ့အတွက်တော့ ပိုင်ဆိုင်ချင်ပြီး သိမ်ဆည်းထားချင်မိသည့်အရာဖြစ်သည်။
"ခင်ဗျား ယောကျ်ားတွေနဲ့မပက်သက်ဖူးဘူးမလား။ဒါကြောင့် ကိုယ့်ကိုယ်ကိုလက်မခံဖြစ်နေတာပဲ။"
ရိပေါ်က ထိုင်နေရာကထကာ ရှောင့်ကျန့်ထိုင်နေသည့် စားပွဲတစ်ဖက်ကို လှမ်းတယ်။ရှောင်းကျန့်က ထိုင်နေရာမှသူ့ကို မယုံနိုင်ဟန် ခပ်ကြောင်ကြောင်ငေးစိုက်ကြည့်တယ်။
"ကျွန်တော်ကူညီပေးရမလား။ခင်ဗျားကို ဒီအသိတရားတွေကြားကရုန်းထွက်ဖို့၊အသက်ရှူချောင်ဖို့နေရာတစ်ခု ကျွန်တော်ဖန်ဆင်းပေးမယ်။"
ရိပေါ်ဟာ ရှောင်းကျန့်နဲ့တစ်တန်းတည်းဖြစ်အောင်ငုံ့ချလိုက်တယ်။ပယင်းရောင်မျက်ဝန်းကြည်ကြည်ဟာအခုတော့ဒေါသရိပ်တွေအစား ဝေခွဲမရသည့်ဒွိဟတွေ ဖုံးလို့နေတယ်။
"ခင်ဗျားကိုယ့်ကိုယ်ကိုသေချာတဲ့တစ်နေ့ထိ ကျွန်တော်နဲ့အတူနေလို့ရတယ်လေ။မကောင်းဘူးလား ခင်ဗျားကျွန်တော့်ကိုယုံလို့ရပါတယ်။"
ရိပေါ်က ရှောင်းကျန့်နှုတ်ခမ်းကို လက်မနဲ့ဖိပွတ်ဆွဲလိုက်တယ်။ဆတ်ခနဲတုန်သွားတဲ့ ပုခုံးစွန်းလေးဟာ ရှောင်းကျန့်ရိုးသားမှု့ရဲ့သက်သေ။ရိပေါ်က အော်ဟစ်မိတော့မတက်ကို အသည်းယားသွားတယ်။
ရိပေါ်က နှုတ်ခမ်းပါးတွေကို လက်မနဲ့ဖိဆွဲနေရာက ငုံ့ကာဆွဲနမ်းမိတယ်။ရှောင်းကျန့်ဟာ သူ့ကိုတွန်းထုတ်မလာခဲ့ဘူး။အောက်နှုတ်ခမ်းသားကိုဖိကိုက်တဲ့အခါ ရှောင်းကျန့်ကနှုတ်ခမ်းနှစ်လွှာကိုဟကာ သူ့လျှာဖြားကိုကြိုဆိုတယ်။
နာရီသံတစ်ချက်ချက်ကလွဲ ငြိမ်သက်နေတဲ့အခန်းဟာ နှုတ်ခမ်းတွေထိခတ်သံနဲ့ပြည့်လို့နေတယ်။
တရုတ်စာပါမောက္ခရဲ့အခန်းထဲက အနမ်းခပ်နွေးနွေးဟာ ချစ်ခြင်းမေတ္တာရဲ့အစသာဖြစ်ပြီး။အမည်တပ်မရတဲ့ ဆက်ဆံရေးတစ်ခုရဲ့ နိဒါန်းဖြစ်လို့နေတယ်။
Part - II
Começar do início
