Jin hyung is my everything

257 50 11
                                    

လူတယောက်ပျော်ရွှင်ဖို့ ဘာတွေလိုအပ်မလဲတဲ့ ။

အိမ်လေးတလုံးတော့လိုမယ်ဗျ ။
လူနေအိမ်မျိုးလား ဇိမ်ခံတိုက်ခန်းမျိုးလား
အဆင့်မြင့်ကွန်ဒိုမျိုးလား လို့မေးခွန်းထုတ်လိမ့်မယ် ။

ကျွန်တော်အတွက်တော့ သိပ်ကိုရိုးရှင်းပါတယ် ၊
သက်တောင့်သက်သာရှိစေမယ့် ရပ်ဝန်းလေးပေါ့ ။

ဟျောင်း ဂျင်ဟျောင်း
ကျွန်တော်တို့အတူရှိတဲ့အခါ
တလောကလုံးကိုမေ့ထားတတ်ကြတယ်နော် ။
အထူးသဖြင့် ပိုချစ်ရတဲ့ဒီကောင်လေးကပေါ့ ။

ဒီမျက်နှာခပ်ချောချောလေးကိုငေးရတာ
ကျွန်တော်အတတ်ကျွမ်းဆုံးဆိုတာ ဟျောင်းသိလား။
အသည်းယားလို့ မေးဖျားလေးကိုကိုင်မိရင်တော့
အကိုကရှက်မသွားရဘူးနော် ။

အကိုစိတ်တိုအောင် စနောက်ရတာလည်း
ကျွန်တော်ကသိပ်ဝါသနာထုံသေးတယ် ။
စိတ်ဆိုးသွားလို့ ခြေဆောင့်လိုက်တဲ့အခါ
ဒီရင်အုံမှာသိမ့်သိမ့်ကိုတုန်လို့ ။
ပွစိစိနဲ့ပြောတဲ့အခါဆို အဲ့နှုတ်ခမ်းလုံးလုံးကိုကြည့်ရင်း
နှလုံးသားလေးက အပြိုပြိုအလဲလဲ ။
ခါးပတ်ဝတ်ဖို့ပြောတဲ့videoလေးက
သက်သေပဲလေ..ဟျောင်း ။

အကို့ရဲ့ကလေးဆန်တဲ့ဘက်ခြမ်းကို
ကျွန်တော်နဲ့မှပိုတွေ့ရတတ်တာတဲ့ ။
ကျွန်တော်တို့ကလေးလေးတွေအတိုင်းဆော့ကြတယ်
ပြီးရင်လွတ်လွတ်လပ်လပ် ရယ်မောကြတယ်
ဒါကို Jinkooking လို့တော့နာမည်တပ်ကြတယ် ။
ကျွန်တော်တို့အတူတွဲရှိနေရင်
ဘေးကလူတွေပါပြုံးပျော်ကြတယ်
အထူးသဖြင့်တော့ အဖွဲ့ဝင်ဟျောင်းတွေပေါ့
တခါတလေတော့ ထိန်းမနိုင်လို့ဆိုတဲ့ပုံနဲ့
ကြည့်ပဲကြည့်နေကြတာလေ ဟျောင်းရဲ့ ။

အကို့ဟာသတွေကရယ်ရတာလားလို့မေးရင်
ကျွန်တော်တိတိကျကျမသိဘူးဗျ
အကိုဆူနေရင်တောင်
ကျွန်တော်ကအသံသေးသေးလေးတွေထွက်အောင်
သဘောတကျပြုံးနေတတ်တာလေ ။
မငြိုငြင်ရက်တဲ့ရပ်ဝန်းဆိုတာ
ရှေ့သွားကြီးကြီးလေးတွေနဲ့ကောင်လေးဆိုတာတော့
သိထားပေး ..ဟျောင်း ။

အကိုက ဂိမ်းကစားရင်တကယ်အညစ်ကလေးဗျ ။
ကျွန်တော်တသက်လုံးစားမယ့်အစားသောက်ဆိုတာကို
သူကရအောင် တမှတ်ယူသေးတာ ။
အကိုကကျွန်တော့်ကို ကျွန်တော့်ထက်ပိုသိတာပဲ ၊
လက်ညှိုးတထိုးထိုးနဲ့ သူညစ်တီးလေးလုပ်တဲ့အခါ
ဒီကောင်လေးကသဘောတကျကိုရယ်ပြုံးရင်း
ကြည်ကြည်ဖြူဖြူအနိုင်ပေးမှာ သူသိပ်သိတာပေါ့ ။

POV : His Jin HyungWhere stories live. Discover now