တကယ်ဆို သူပြန်မလာခင်အထိညွှန်းမှာစိတ်ပူပြီးစောင့်နေရတာ။ထမင်းစားမစောင့်နဲ့ဆိုတာတောင် သူ့မှာစားမဝင်ဘဲ နေမထိထိုင်မသာနဲ့ တစ်မျှော်မျှော်ဖြစ်ခဲ့ရသည်။အခုပြန်လာတော့ သကောင့်သားက သူ့ကိုတက်ခေါက်ပြီးတောင် အော်ငေါက်လိုက်သေး။တကယ်ပဲ ညွှန်းက သူ့ဘဝအတွက်ဘယ်လိုဖြစ်တည်မှု့နဲ့တည်ရှိနေတဲ့သူမှန်းစဥ်းစားလို့မရပါ။အချိန်တိုင်းအလျော့ပေးနေတဲ့သူမို့ စေလိုရာစေပြီး လက်ခုပ်ထဲကရေလိုသဘောထားနေသလား။

"ကျစ်!"

ဇမ်းသူ့ရှေ့မှာ မျက်ခမ်းစပ်လေးတွေရဲကာ သူ့ကိုပြန်အော်နေသည့် သူ့လူကြောင့် သူ့ဘက်ကလွန်သွားပြီမှန်းသိလိုက်၏။သို့ပေမယ့် သူလည်း မတတ်နိုင်။တစ်နေ့လုံး မကြည်လာသည့်စိတ်နဲ့ရှုပ်ထွေးမှု့တို့က အိမ်ပြန်ရောက်တာနဲ့ အမြင်မကြည်တာတစ်ခုအပေါ်ပုံချမိလျက်သားဖြစ်သွားရသည်။တကယ်ဆို သူလည်းအပြင်ကနေ နေ့လည်စာတောင်စားမလာခဲ့ပါ။ကိုယ့်ဒေါသနဲ့မို့အိမ်ပြန်နောက်ကျမှာသိသလို၊ထမင်းစားဝင်ဖို့လမ်းလည်းမမြင်တာမို့ သူ့လူကိုစာပို့ပြီးအရင်စားနှင့်ခိုင်းခဲ့တာ။အခုလိုစောင့်နေမှာဆိုးလို့ ကိုယ်ဘာသာစိတ်မကြည်သည့်ကြားကနေစာပို့ပေးခဲ့တာကို ပြန်လာတော့ မစားရသေးပါဘူးဆိုတော့ ကလေးဆိုရင်ရိုက်ပြီးဆုံးမချင်စရာ။

အခုလည်း ရိုက်ပြီးဆုံးမလို့မရတာမျိုးမဟုတ်ပါ။ရိုက်မှာက တုတ်နဲ့မဟုတ်တာတစ်ခုပဲ....။

"Sorry...!ကျုပ် အဲ့လိုရည်ရွယ်တာမဟုတ်ဘူး...၊တောက်ခေါက်လိုက်တာကလည်း ခင်ဗျားကိုဆိုပြီးမဟုတ်ဘူး...၊ဒီတစ်နေ့လုံး ကျုပ်မှာအဆင်မပြေစရာတွေများသွားလို့ တကယ်..."

ဇမ်းပြောလည်းပြော လက်တွေကလည်း သူ့ရှေ့မှာရပ်နေတဲ့သူ့လူရဲ့လက်တွေကိုပဲ ကိုင်ထားရမလား၊ဒါမှမဟုတ် ပခုံးကိုပဲ ဖက်ထားရမလားမသိတာမို့ တစ်ယောက်ထဲ လက်ကိုဘယ်နားထားရမှန်းမသိခြေကားယား လက်ကားယားဖြစ်နေရ၏။နောက်ဆုံး စိတ်ကပါ ရှုပ်လာတာကြောင့် စကားပြောနေရင်း ဆံပင်တွေထဲကိုလက်ထိုးသိပ်ကာဖွပစ်သည်။ပြီးမှ ခါးထောက်ရင်း သူ့လူကို နူးညံ့သည်ဆိုရုံအကြည့်တို့ဖြင့်...၊

You are My Bone [Complete]Where stories live. Discover now