Chapter 25

387 51 5
                                    

" hell class လား ???...."

" ဟုတ်တယ် ........ငါ ကျောင်းအုပ်ကြီးကို ကိုယ်တိုင်သွားပြောရမယ်ထင်တယ်...."

" ပြောပြော.......ကိုကိုရှလင်းကို Athena တို့နဲ့ အတူတူပဲ တတ်စေချင်တယ်....."

" အခုပဲ ကျောင်းအုပ်ကြီးကို ဖုန်းဆက်လိုက်မယ်...."

"အမ်......ခနလေး.....ခနလေး......ကျနော် ဘာရရအဆင်ပြေပါတယ်..... Hell class ဆိုလဲ အဆင်ပြေပါတယ်....."

"ကိုကိုရှလင်း က Athena တို့နဲ့ အတူတူမတတ်ချင်လို့လား...."

" မဟုတ်ပါဘူး......တော်ကြာ လူမုန်းများနေမှာဆိုးလို့ပါ.....အရင်ကျောင်းမှာလဲ လူမုန်းများနေတာဆိုတော့ ကျောင်းသစ်မှာ သူ့စည်းကမ်းအတိုင်းပဲသွားတာကောင်းပါတယ်...."

" လင်းအာသဘောပါ..... ဘယ် class တတ်ချင်ချင် အကို တို့ရအောင်လုပ်ပေးမယ်...." Riner က ပြောလိုက်တော့ Aiden နဲ့ Athena တို့ က ထောက်ခံတဲ့အနေနဲ့ ခေါင်းငြိမ့်ပြလေသည်။

"အဆင်ပြေပါတယ် ဒါပဲ......ပြီးတော့လေ....ကျနော်က အကိုတို့နဲ့ အတူသွားရမှာလား ကျောင်းကို...."

"မဟုတ်ဘူး.......လင်းအာအတွက် ferry ငှားထားပေးတယ် .......လမ်းထိပ်မှာ ထွက်စီးရမှာ.... Aiden နဲ့ Athena က ကျောင်းဖွင့်ရက် စံအိမ်ကိုသွားရမှာ..... Daddy က သူနဲ့အတူ မနက်စာစားပြီးမှ သူတို့နှစ်ယောက်ကို ကျောင်းသွားခိုင်းတာ..."

" အော် ...... "

Erik သခင်ကြီးက သူ့သားသမီးတွေကို အတော်ချစ်တာပဲလို့ရှလင်း တွေးလိုက်သည်။

" ကိုကိုရှလင်းနဲ့ ကျောင်းမှာ တွေ့လို့ရရင် ကိုကိုရှလင်း လိုအပ်တာပြောနော်...."

" အင်းပါ......"

ဒီလိုနဲ့ ကျောင်းစတတ်မဲ့ရက်ကိုရောက်တော့ Riner ပြောတဲ့အတိုင်း ferry ကို လမ်းထိပ်မှာစောင့်နေလိုက်သည်။ Aiden နဲ့ Athena က ညကတည်းက Erik စံအိမ်ကို ရောက်သွားပြီဖြစ်သည်။

Riner ကကျောင်းမှာ ဖြစ်သမျှ သူ့ကို အကိုကြီးအဖရာ လို တိုင်ပင်လို့ရကြောင်းလဲ တဖွဖွ မှာလိုက်သေးသည်။

ကျောင်း၀တ်စုံက သူ့အရင်ကျောင်း၀တ်စုံနဲ့မတူပဲ necktie ပါ ပါလေသည်။ အဖြူရောင် အင်္ကျီလက်ရှည်နှင့် နက်ပြာရောင် ဘောင်းဘီကို အတို သို့မဟုတ် အရှည် ၀တ်ဆင်နိုင်သည်။ မိန်းကလေးများအတွက်စကပ်အတို သို့မဟုတ်အရှည် ၀တ်ဆင်လို့ရသည်။

Bad smelled Pheromone Where stories live. Discover now