ခါးး (Side story 2)

Comincia dall'inizio
                                    

ဦးက ကလစ်ပန်ပေးရင်းပြောလာတော့ ခခဝမ်းနည်းလာရပြန်သည်။ဦးက အရာအားလုံးကိုအသေးအဖွဲကအစ အမှတ်တရရှိသလောက် ခခကဘာမှမသိတော့တာ ဝမ်းနည်းဖွယ်ပင်။ခခစိတ်မကောင်းဖြစ်နေတာဦးကရိပ်မိသွားတယ်ထင်သည်။ခေါင်းစည်းကြိုးနဲ့ ဆံပင်ကိုစည်းပေးပြီးတာနဲ့ ဂုတ်သားဝင်းဝင်းလေးကိုဖွဖွနမ်းပြီး ခါးကျင်ကျင်လေးကိုနောက်ကနေသိုင်းဖက်လာကာ ခခရဲ့ပုခုံးပေါ်မေးတင်ထားပြီးငြိမ်နေတော့ ခခကဦးရဲ့လက်ပေါ် ထပ်ကိုင်ထားရင်း

'စိတ်မကောင်းမဖြစ်နဲ့..မောင်အဆင်ပြေတယ်'.

ခခမျက်ရည်ဝဲရင်း ဦးရဲ့လက်သကြွယ်မှာရှိနေတဲ့လက်စွပ်လေးကိုဖွဖွထိတွေ့နေမိသည်။

'ဦးးး'

'ဗျာ'

'တောင်းပန်ပါတယ် ဘာမှမမှတ်မိတော့လို့'

'ပြန်လာပေးတာနဲ့တင်ကျေးဇူးတင်နေပြီ'

'ဦးးး'

'ဗျာ..'

'ဒီလက်စွပ်ရဲ့အဖော်လေးကို ခခကိုဘယ်တော့ပေးဝတ်မှာလဲ'

'နှစ်ဆန်း ၁ရက်နေ့ ပေးဝတ်မယ်..ခခနေမင်းလေးရဲ့မိဘတွေရှေ့မှာ ဝတ်ပေးမှာ'

'တကယ်နော်'

'တကယ်'

'ပြွတ်စ်..ဦးကို ခခ ချစ်တယ်နော်..ဖေဖေဘာပြောပြောဦးကလက်မလျှော့ရဘူးနော်..ခခက ဦးဘက်မှာ100%နော်'

'အင်းးး...ယုံတယ်'

ခခက ဦးကိုလည်ပြန်လေးမော့နမ်းတော့ ဦးက ခခကိုရှေ့ပြန်လှည့်ခွင့်မပေးတော့တဲ့အပြင် ခခ ခန္ဓာကိုယ်လေးက သခွားနုရောင်မွေ့ယာကြီးပေါ်

နောက်တစ်ကြိမ် တအိအိပြိုလဲရပြန်တော့သည်။ဦးရဲ့အိမ်ကိုမနက်စာလိုက်စားတဲ့ ခခက 

ဒီနေ့မနက်စာ စားရပါတော့မလား။

..

..

..

ကော့ကရိတ် မြို့တော်ခန်းမကြီးရဲ့မျက်နှာစာမှာတည်ရှိတဲ့ ခန့်ညားလှပစွာတည်ဆောက်ထားတဲ့ ရေကစားမဏ္ဍပ်ကြီးရဲ့ရှေ့မှာဌာနဆိုင်ရာရဲ့ တာဝန်ရှိပုဂ္ဂိုလ်များက ရေကစားမဏ္ဍပ်ကိုဖဲကြိုးဖြတ်ဖွင့်လှစ်ပေးဖို့အဆင်သင့်ဖြစ်နေသလို ကပြယှဥ်ပြိုင်ဖျော်ဖြေမယ့် ယိမ်းအဖွဲ့အသီးသီးကလည်းအဆင်သင့်ဖြစ်နေပြီ။ထိုအဖွဲ့တွေထဲမှာ ခခရဲ့သမီးများအဖွဲ့လည်းပါတာမလ်ု့ ခခမှာ ကလေးတွေကို လှသည်ထက်ပိုလှအောင်တစ်ယောက်ဆီပြင်ဆင်ပေးနေရင်း..စိတ်မလှုပ်ရှားဖို့..လေ့ကျင့်ထားတဲ့အတိုင်းညီညီညာညာလေးကဖို့ ဆုရဖို့ကအဓိကမဟုတ်..ယှဥ်ပြိုင်ခြင်းသာအဓိကဖြစ်ကြောင်း ကလေးတွေစိတ်ဖိစီးမှူနည်းအောင်အားပေးစကားပြောနေစဥ် ခခရဲ့သူငယ်ချင်းမလေး သီတာက ခခနားတိုးတိုးကပ်ပြောလာသည်။

Hai finito le parti pubblicate.

⏰ Ultimo aggiornamento: Jan 25 ⏰

Aggiungi questa storia alla tua Biblioteca per ricevere una notifica quando verrà pubblicata la prossima parte!

~~ဦး~~(Completed)Dove le storie prendono vita. Scoprilo ora