ခါးး (Side Story 1)

Start from the beginning
                                    

'မြှောက်မနေနဲ့..ရေပက်ခံမထွက်နဲ့နော်..ဖျားမယ်..မေမေစိတ်ချမယ်..အကျနေ့ညနေကားလွှတ်လိုက်မယ်..မေမေလည်းလိုက်ရင်လိုက်လာမှာ'

'ဟာ...ရတယ်မေ့...မလွှတ်နဲ့...ကားကြုံရှိတယ်...ခခပြောထားပြီးပြီ'

'ဟင်...ဘယ်ကကားကြုံလဲ'

'မဟူရာစိန်တိုက်မေမေသိတယ်မလား'

'အင်းး..သိတယ်'

'အဲ့ဒီစိန်တိုက်ပိုင်ရှင် ဒေါက်တာမင်းမဟော်လေ..သူနဲ့ပြန်လာမှာ'

(ဦးမဟော်က မေမေ့သားမက်ဖြစ်လာမယ့်သူဆိုတာတော့ ခခမပြောရဲသေး..မဟုတ်ရင်ဒေါ်ကြီးစိမ်းရွက်ဖူးကချက်ချင်းသွေးတက်သွားမှာ)

'နေပါဦး..သမီးက ဒေါက်တာနဲ့ဘယ်လိုသိတာလဲ..ဒေါက်တာက ရန်ကုန်မှာနေတာလေ'

'ဟိုဟာလေ..ဒေါက်တာကဒီမှာပရဟိတဆေးရုံကြီးဖွင့်ထားတာလေ..ဒေါက်တာတို့ဆေးရုံကဆရာဝန်တွေက ခခတို့ကျောင်းက ကလေးတွေကိုလည်းတစ်လတစ်ခါဆေးလာစစ်ပေးကြရင်း ရင်းနှိးသွားတာမေရဲ့..ဒေါက်တာကမေတို့ကိုလည်းသိတယ်တဲ့လေ...အဲ့ကနေစကားစပ်မိသွားရင်းခင်သွားတာ'

ခခ မေ့ကိုခပ်တည်တည်နဲ့လှိမ့်နေပေမယ့် ရင်ထဲမှာတော့တဒိတ်ဒိတ်ခုန်နေပြီ။

'ဒေါက်တာကသကြ်န်ကို မပြန်ဘူးလား '

'ဒေါက်တာက ကော့ကရိတ်ရဲ့မြို့မျက်နှာဖုံးလိုဖြစ်နေတော့ ဦးကို ​ဗဟိုမဏ္ဍပ်ဖွင့်ပွဲအတွက်ဖိတ်ထားလို့ မပြန်ရသေးတာ'

'ဦးး...သမီးကဒေါက်တာ့က်ိုဦးလို့ခေါ်နေတာလား..မခေါ်ရဘူးနော်..သူ့ဂုဏ်ပုဒ်ကိုလေးစားသမှူနဲ့.ဒေါက်တာပဲခေါ်ရမယ်'

'ဟုတ်..ဒါဆို..မေအိမ်က ကားမလွှတ်နဲ့တော့နော်'

'အင်းပါ..သမီးသူငယ်ချင်းရော ပြန်လိုက်မှာမလား'

'ဟုတ်..အတူတူပြန်မှာမေ'

'ဒါဆို သမီးကြိုက်တာလေးတွေ မေချက်ထားမယ်နော်..သမီးကိုကြီးတို့လည်းအဲ့နေ့ပြန်လာကြမယ်ပြောတယ်'

'ဟုတ်မေ့..ချစ်တယ်နော်..အာဘွားအကြီးကြီးယူ'

'သမီးး..ဖေ့ကိုရော'

~~ဦး~~(Completed)Where stories live. Discover now