Part 26 ( Uni+Zawgyi)

Start from the beginning
                                    

"အုဝဲ!!!ခွံ့​​ကျွေး "

ထမင်းသုပ် ​ကျွေးတဲ့​နေ့ဆို သား​ကော အကို​ကောကို ထမင်းခွံ့​ကျွေးရ၏။  သားကလည်း ဗိုက်ဆာလို့ ထင်တယ် စားတာ မရပ်ပါ ။ သားဖေကြီးကလည်း အရမ်း​တွေ စား​နေတာမို့ သူ့မှာ ​ကျေနပ်​နေရ ၏။ သူလုပ်​ကျွေးတာကို အားရ ပါးရ စား​ပေးတဲ့ သားအဖ နှစ်​ယောက်ကို ပြုံးပြီး ကြည့်​နေလိုက်၏။

"အုဝဲလည်းစား​လေကွာ "

"စားပါတယ် အကိုကလည်း"

ဓန က အုဝဲသုပ်​ကျွေးတဲ့ ထမင်း သုပ်မှမဟုတ်ပါဘူး အုဝဲလက်နဲ့ ထိတဲ့ဟာမှန်သမျှ အကုန်လုံး ကြိုက်​နေမိ​တော့သည်။အဲ့ဒါ အခုမှ မဟုတ်ပါဘူး။ လူပျို ဘဝထဲကပါ ။ အုဝဲကိုစချစ်ခဲ့တာလည်း အုဝဲ ချက်​ကျွေးတဲ့ ဟင်း​တွေ စားပြီး အစပျိုးခဲ့တာပါ ။

"စု​လေး ​ရေ
စု​လေး !!!"

"အမ် !!မိနှင်း လာပြီ"

အိမ်​ရှေ့မှ မိနှင်းအသံကြားတာမို့ သား​လေးကို အကို့ဆီ ​ပေးခဲ့ပြီး ခြံတံခါးသွားဖွင့်​ပေးလိုက်၏။ မိနှင်းသာ မက မမ ရတနာ ပါ လာတာမို့ အံသြသွားရ၏။ တကယ်​တော့ သူတို့နှစ်​ယောက်က ရိုး​ပေါက်ရွာရဲ့ ညသင်္ကြန် ​ကိုကြောက်ပြီး အိမ်ကို လာပုန်းကြတာ ဖြစ်သည်။ အိမ်မှာက အကို ဓန ရှိတာမို့ ဘယ်သူမှ ​ရေလာမပတ်ရဲကြတာမို့ပါ ။

"တီတီ !!"

"အာာ တုန်​လေး  "

"တီနှင်း​ကောပါရယ် "

​"အေးပါ့တုန်​လေးရယ် တုန်​လေးတို့အိမ်လာအိပ်တာ "

"တဂယ်ရား "

"တကယ်​ပေါ့ သားရဲ့
ရွှတ် !!!"

"အာာ ​ကျော်ဒယ် "

သား​လေးက အိမ်ကိုညအိပ် ဧည့်သည်​ရောက်​​နေတာမို့ တအား​ပျော်သွား​တော့၏။ တီတီတို့နဲ့အိပ်ဖို့ ခွင့်​တောင်း​နေတာမို့ ရာစု က လက်မခံချင်ပါ ။ သား​လေးနဲ့ ခွဲမအိပ်နိုင်တာကတစ်​ကြောင်း၊ ဧည့်သည်​တွေကို က​လေးနဲ့ အိပ်ခိုင်းဖို့ အားနာတာကတစ်​ကြောင်း ငြင်း​ပါ​​သေးသည်။ ငြင်းမရတဲ့အဆုံးမှသာ အိပ်ဖို့ ခွင့်ပြုလိုက်ရသည်။

"သား​လေး​ရေ ​ဆေး​သောက်ရ​အောင် "

"ဟုတ်​ဖေရီး "

My Owner (Completed)Where stories live. Discover now