အီဗန်က ထိုင်ရာကနေ ထလိုက်ပြီး ကျွန်တော့်ကို ချန်ထားခဲ့ကာ တဖြည်းဖြည်း အဝေးကို ထွက်သွားတယ်။ အီဗန့်ရဲ့ ကျောပြင်ကို ကြောင်အ,စွာ ငေးကြည့်နေတုန်း တစ်နေရာရာကနေ ဟေးလ်ဗာဒီရဲ့ နာကြည်းစွာ အော်ဟစ်နေသံကို ကြားလိုက်ရတယ်။

ပြီးတဲ့နောက်မှာတော့ ကမ္ဘာကြီးတစ်ခုလုံး ပြိုလဲသွားခဲ့ပြီ။

***

“ဟမ်!”

ကျွန်တော် မျက်လုံးပြန်ဖွင့်လိုက်တော့ မနက်ရောက်နေပြီ။ ကျွန်တော် အသက်ပြင်းပြင်း ရှူလိုက်ပြီး ကျွန်တော့်ရှေ့က အဖြူရောင် နံရံကို အားပြုကာ ထလိုက်တယ်။ ကျွန်တော် အရမ်း ထူးဆန်းတဲ့ အိပ်မက် မက်ခဲ့တာ။ အီဗန်က ကျွန်တော့်ကို သွားခွင့်ပေးလိုက်တယ်ဆိုတဲ့ အိပ်မက်။ ကံကောင်းတာလား၊ ကံဆိုးတာလား မသိ၊ အရင်ကလိုပဲ ကျွန်တော် အခုလည်း အီဗန့်အိပ်ခန်းထဲမှာ။ အိပ်ရာကလွဲပြီး ဘာမှ မရှိတဲ့ အဖြူရောင် အိပ်ခန်း။

“ဒီ ထူးဆန်းတဲ့ အိပ်မက်တွေက…။ အာ?”

ရှုပ်ပွနေတဲ့ ကျွန်တော့်ဆံပင်တွေကို သပ်တင်နေတုန်း ကြမ်းပြင်ပေါ် ပြုတ်ကျနေတဲ့ လည်ပတ်က ကျွန်တော့်အမြင်အာရုံကို ဖမ်းစားသွားတယ်။

ဒါက အိပ်မက် မဟုတ်ဘူးလား?

ကျွန်တော် ဧည့်ခန်းထဲကို အမြန်ပြေးထွက်သွားလိုက်ပြီး မြန်လွန်းလို့ ဒီထက်ပိုပြီး မြန်အောင် မပြေးနိုင်တော့တဲ့အထိပဲ။ ဒုန်းဒုန်းဆိုတဲ့ အသံတွေ ထွက်လာပေမဲ့ ကျွန်တော့်ကို ဘယ်အရာကမှ တားမရဘူး။ အိမ်တွင်းထဲက အရာတွေက အားလုံးအတူတူပဲ။ ကျွန်တော့်ဖုန်းနဲ့ သင့်လျော်တဲ့ အဝတ်တွေကသာ စားပွဲပေါ်မှာ တင်ထားလျက်နဲ့အတူ အီဗန်ကို မတွေ့ရဘဲ အိမ်ရှေ့တံခါးက ပွင့်လျက်သား ဖြစ်နေတယ်။ ဒါက အရင်ကနဲ့ ကွဲပြားနေတယ်။

“… ဒါက ဘာတွေလဲ?”

မယုံနိုင်စွာ ကျွန်တော် ဖုန်းကို လှမ်းယူလိုက်တယ်။ လက်ထဲမှာ ရင်းနှီးနေတဲ့ ဖုန်းရဲ့ အလေးချိန်နဲ့ ကိုယ်ထည်ကို ခံစားလိုက်ရတယ်။ လတ်တလော လုံးဝ မသုံးဖြစ်တဲ့ ဖုန်းပဲ။ ကျွန်တော် ပြန်ဖွင့်လို့ ရသေးလား? တုံ့ဆိုင်းနေချိန်မှာပဲ ဖုန်းမြည်လာတယ်။

အဓိကဇာတ်ကောင်Shouအဖြစ်မှ ကြမ်းရမ်းတဲ့Gongဘဝသို့ : Myanmar Translation (Unicode)Where stories live. Discover now