ဒီလိုနဲ့ပဲ အဲ့ဒီကင်မ်ထယ်ယောင်းဆိုသောကောင်လေးက သူသတိမထားမိခင်မှာပဲ သူ့ဘဝထဲကို တစ်စတစ်စ ဝင်ရောက်လာပါတော့သည်။

တကယ်တော့ ထယ်ယောင်း၏အဆင့်အတန်းနှင့် သူ့အဆင့်အတန်းမှာ ဘယ်နေရာကြည့်ကြည့် အမှန်ကိုကွာခြားလွန်းလှသည်။

ခြေထောက်ကို ကြည့်ရင်တောင်မှ
ထယ်ယောင်း၏တောက်ပြောင်နေတတ်သော ရှူးဖိနပ်တွေ၊ ရှန်ပူကောင်းကောင်းနှင့်လျှော်ထားသောကြောင့် နူးညံ့ပျော့အိပြီး မွှေးပျံ့နေသောဆံနွယ်တွေ၊ အဖြူရောင် ကျောင်း uniform လေးမှာလည်း သစ်လွင်ပြီး မထိရက်ချင်စရာကောင်းလောက်အောင် ဖြူစွတ်နေသည်။

တစ်ကိုယ်လုံးကို ခြုံကြည့်လိုက်လျှင် ထယ်ယောင်းသည် ချစ်စရာကောင်းပြီး အသွေးအမွေးသန့်သော ကျောင်းသားကလေးဖြစ်သည်။

သူလိုလူနဲ့တော့ လားလားမျှမဆိုင်။
စီးထားသောဖိနပ်က မညစ်ပတ်ရင်တောင်မှ စီးတာကြာပြီဖြစ်သောကြောင့် အနည်းငယ်ဟောင်းနွမ်းနေသည်။
ဆံနွယ်တွေကိုလည်း ပုံမှန်မထိန်းသိမ်းနိုင်တာကြောင့် ငှက်သိုက်ကေကဲ့သို့ ဖြစ်နေမည့်အစား ညှပ်လိုက်တာမှ ပိုကောင်းဦးမည်ဟုဆိုကာ ထယ်ယောင်းနှင့်ခြားနားလျက် ခပ်ပါးပါးပုံတုံးဆံပင်ကေသာ ဖြစ်နေသည်။
အဖြူရောင် uniform လေးမှာလည်း ထိုနည်းအတိုင်းပင်။
များများစားစားမရှိသောကြောင့် ထပ်ခါတစ်လဲလဲ ဝတ်နေရာမှ အဖြူရောင်လေးမှ နို့နှစ်ဆင်ဆွယ်ရောင်ဘက်သို့ ကူးပြောင်းလာဟန်ရှိသည်။

ကိုယ့်ဘာသာ တစ်ယောက်တည်းနေလျှင်
မသိသာသော်လည်း အဲ့ဒီ ကင်မ်ထယ်ယောင်းနှင့်တွဲလျှောက်တိုင်း သိမ်ငယ်စိတ်တွေက တစ်ရိပ်ရိပ်ဝင်ရောက်လာသည်။

ထို့ကြောင့် တတ်နိုင်သမျှ ကင်မ်ထယ်ယောင်းနှင့် ဝေးဝေးနေသော်လည်း တစ်ချိန်လုံး ကိုအာလာတစ်ကောင်လို လိုက်တွယ်ကပ်နေတာကြောင့် ထယ်ယောင်းက သူ့ရဲ့အရိပ်လိုတောင် ဖြစ်လာသလိုပင်။

အဲ့လိုနဲ့ uni ရောက်တော့လည်း ထယ်ယောင်းရဲ့အကျင့်တွေက မပျောက်သွား။

ကျောင်းလွှတ်တာနှင့် အချိန်ပိုင်းအလုပ်ဆီကို
ခြေဦးလှည့်ရသည့်ယွန်းဂီက အိမ်ပြန်ချိန်တိုင်း လမင်းကြီးသာ အဖော်ပြုပေးနေခဲ့သည်။

Come Back (Complete)Where stories live. Discover now