"ကိုယ်ကလေးဟုတ်၊မဟုတ် သဲလေးသိပြီးသားထင်တယ်"

"အသက်ကြီးပြီး ကလေးဆန်တဲ့ကလေးလည်းရှိတာပဲ သွားစမ်းပါ ကိုယ့်ဘာသာသွားချိုး"

"မရဘူး အတူတူချိုးမယ်"

"အနံ့ဆိုးထွက်နေတဲ့သူနဲ့မချိုးဘူး"

"အဲ့လောက်မနံပါဘူးကွာ"

"နံတယ် သွား ကိုယ့်ဘာသာသွားချိုး"

"မရဘူး!.."

"အမေ့!..."

သူက အနှစ်ကို မင်းသမီးကိုချီသလိုချီကာ ရေချိုးခန်းထဲခေါ်သွား၏။

"ကျွန်မမချိုးဘူး"

"ကျွန်မမချိုးဘူးလို့"

ရေချိုးခန်းထဲရောက်နေပေမဲ့ ရေမချိုးဘူးလို့ဆက်တိုက်ငြင်းသေးသည်။ သို့သော် သူသည် ရေပန်းကို ဖွင့်ချလိုက်ပါသည်။

"‌ရှော!..."

"ကိုကို!..."

"ရေစိုကုန်ပြီ မချိုးလို့မရတော့ဘူး"

"ကိုကိုနော်"

ဤသို့ဖြင့် နှစ်ယောက်သားရေအတူတူချိုးလိုက်ကြရသည်။ ရေချိုးယုံနှင့်မပြီး ရှည်ထွက်လာသည့် နှုတ်ခမ်းမွှေးနဲ့ပါးသိုင်းမွှေးတွေကို ရှင်းပေးရသေးသည်။ ရေချိုးပြီးသည်နှင့် သူကအလုပ်သွားဖို့ပြင်သည်။အနှစ်က အင်္ကျီနက်ကတိုင်ကို သေချာပြင်ဆင်ပေးရင်းမှမှာသည်။

"အလုပ်ကျရင် အရမ်းမချေနဲ့ အထက်လူကြီးနဲ့သေချာစကားပြော"

"ကိုယ်ကအဲ့လိုလုပ်စရာမလိုဘူး သူတို့ကတောင် ကိုယ့်ကိုအလုပ်ပေးချင်လို့ မရမကခေါ်ထားတာ"

"အထက်လူကြီးကိုတောင် ချေဖို့စဉ်းစားနေတာ မဟုတ်သေးဘူး"

"ဟုတ်ပါတယ် ကိုယ်က တော်‌လို့ အဲ့လိုလုပ်လို့ရတယ်"

"သိပ်ကိုဘဝင်မြင့်တာပဲ"

"ကိုယ်က သဲလေးမထင်ထားလောက်တဲ့စွမ်းအားရှိတယ်"

"ဟုတ်ပါပြီ ကိုကြီးကျယ်ရေ"

"သဲနော် ကိုယ်တစ်ကယ်ပြောနေတာဗျ"

"အင်းပါဆို သွားတော့"

"ကိုယ်ညနေကျပြန်လာခဲ့မယ် မေမေ့ကို ကိုယ်သတိရတယ်လို့လည်းပြောပေးဦး"

နှလုံးသားနီးနီး...စည်းပါးပါး(Love And Pride)[Completed]حيث تعيش القصص. اكتشف الآن