ဒီနေ့က Sunday ကျန်းချန် အလုပ်ပိတ်ရက်လဲ ဖြစ်တာမို့ ရှောင်းကျန့် နဲ့ ကျန်းချန် မနီးမဝေးမှာရှိတဲ့ ကစားကွင်းကို လာခဲ့ကြသည်။
ရှောင်းကျန့်နဲ့ ကျန်းချန်က သူငယ်ချင်း၊ ကျောင်းပြီးတာပဲ အတူတူပဲ။ ဒါမဲ့ ကျန်းချန်က ကျောင်းပြီးကတည်းက သူ့ဦးလေးရဲ့ ခေါက်ဆွဲဆိုင်မှာ အလုပ်ဝင်လုပ်နေတာကြောင့် သူ့မှာက အလုပ်ရှိတယ်။
မရှိတာက ရှောင်းကျန့်။
ဒါကြောင့် အမြဲအဆူခံနေရပါတယ်ဆို ဟိုကောင်ကြောင့်ပါ ပိုဆူခံရသေးတယ်။ကျန်းချန်နဲ့ ရှောင်းကျန့် ရေခဲမုန့် တစ်ယောက်တစ်ခုစီ ကိုင်ပြီး ဒန်းပေါ်မှာ ထိုင်လိုက်ပြီး ရှေ့က ဘတ်စကတ်ဘော ကစားနေကြတာကို ကြည့်နေလိုက်တယ်။
"ဟူးးးး"
"ကျန့် ကျန့် ငါမင်းကို ကြည့်နေတာကြာပြီ"
"သိပါတယ် ငါချောမှန်း"
"ချီးးးးကိုယ့်ငါးချဉ်ကို ချဉ်မနေနဲ့ မင်းတစ်လမ်းလုံး သက်ပြင်းချနေလို့ ပြောတာ"
"ဘာအလုပ်လုပ်ရမလဲ စဉ်းစားနေတာပါ"
"အဲဒါကြောင့် ငါပြောသားပဲ ငါ့ဦးလေးဆိုင်မှာ ငါနဲ့အတူ လာလုပ်ပါဆို မင်းမှ မလုပ်ချင်တာ"
ဟုတ်တယ်။ကျန်းချန်က သူနဲ့ အတူ လာလုပ်ဖို့ ခေါ်တယ်။ ရှောင်းကျန့်မှ မလုပ်ချင်တာ
ခေါက်ဆွဲဆိုင်ဆိုတာ လူတွေက အများကြီးလာမှာ
ခေါက်ဆွဲပန်းကန်တွေချပေးရမယ်
ပန်းကန်တွေဆေးရမယ်။
နိုး..နိုး အဲဒါနဲ့ကို ရှောင်းကျန့်နဲ့မကိုက်ဘူး။
ရှောင်းကျန့်က လူကသာ ဘာမှမဟုတ်တာ အလုပ်က ရှယ်ရွေးချင်တာ။ဘုတ်....
"အားးး"
"ဟာ ကျန့်ကျန့် ဘာဖြစ်သွားသေးလဲ"
ရှောင်းကျန့် ကျန်းချန်နဲ့ စကားပြောရင်း လက်ထဲက ရေခဲမုန့် စာမလို့ လုပ်ရင်း သူ့ခေါင်းပေါ်ကို လာမှန်တဲ့ ဘောလုံးကြောင့် သူ့မျက်နှာကို ရေခဲမုန့်တွေပေကုန်ပြီ။
ကစားကွင်းရဲ့ တစ်ဖက်ခြမ်းမှာ ဘက်စကတ်ကွင်း ရှိတာကိုး။
ရှောင်းကျန့် စိတ်တိုတိုနဲ့ တစ်ဖက်ကို ကြည့်လိုက်တော့"ဝမ်ရိပေါ်.."
ရှောင်းကျန့် လက်ထဲက ရေခဲမုန့်ကို ပစ်ချပြီး မျက်နှာမှာ ရေခဲမုန် ဗလပွနဲ့ ဝမ်ရိပေါ်ရှေ့သွားရပ်လိုက်တယ်။
ဝမ်ရိပေါ်ကလဲ သူ့ရှေ့မှာ။
ခွေးကောင်က ဘာလို့ သူ့ထက်အရပ်ပိုရှည်နေရတာလဲ။
ရှောင်းကျန့်လဲ အားကျမခံ ခြေဖျားထောက်လိုက်တယ်။
အိုခေ ခုမှတန်းတူဖြစ်သွားတာ။ကျန်းချန်နဲ့ ဝမ်ရိပေါ်တို့ အပေါင်းအပါတွေက သူတို့နှစ်ယောက် မျက်လုံးချင်း စစ်တိုက်နေတာကို ဘေးကနေကြည့်နေကြတယ်။
"ဝမ်ရိပေါ် မင်းငါ့ကို တမင်လုပ်တာမလား"
ရှောင်းကျန့်မေးလိုက်တော့ ဝမ်ရိပေါ်က တစ်ဖက်ပြုံးလိုက်တယ်။
ရှောင်းကျန့်ကတော့ အဲလိုအပြုံးက်ုစောင့်မြင်ကပ်တာအမှန်ပဲ"ဘယ်လိုထင်လဲ ကျန့်ကောက"
ချီးးးးးသကောင့်သားက သူ့ကိုများ ကျန့်ကောတဲ့။အဲလို ကျတော့လဲ အဲခွေးကောင်က လူကြီးကို သိတတ်သားပဲလို့ ရှောင်းကျန့်တွေးလိုက်မိတယ်။
ဒါမဲ့မျက်နှာတည်နဲ့ပဲ"ဒီမှာ မင်းလုပ်လို့ ငါ့မျက်နှာ ရေခဲမုန့်တွေ ပေကုန်ပြီ"
"ဟုတ်လား ရေခဲမုန့်အရသာက ဘယ်လိုလဲ ချိုလား"
"မင်းဘာသာ ကိုယ့်ဘာသာကို ဝယ်စားပါလား အဲလောက်သိချင်နေရင်"
"ကျနော်က အခု သိချင်တာ"
"မင်းစကားလမ်းကြောင်းတွေ လွဲမနေနဲ့ ငါ့ကိစ္စကို ဘယ်လို . အ."
ရှောင်းကျန့် ဝမ်ရိပေါ်ကို မှီဖို့ ခြေဖျားထောက်ထားရတာ။
အချိန် ကြာလာလို့ ထင်တယ်။ခြေထောက်က မခိုင်တော့ဘဲ လဲကျမယ်အလိုမှာ ဝမ်ရိပေါ်က သူ့ကို ဖမ်းထားပေးသည်။
အခုလိုအခြေအနေက သူက ဝမ်ရိပေါ်ရဲ့ ရင်ခွင်ထဲမှာ
ပြီးတော့ ဝမ်ရိပေါ်က ပြောလာတယ်"ကျန့်ကောရဲ့ ရေခဲမုန့်ကို မြည်းလို့ရလားတဲ့"
"ဘာ . အွင့်..."
ရှောင်းကျန့်မျက်လုံးတွေ ပြူးကုန်တယ်။ဝမ်ရိပေါ်က သူ့နှုတ်ခမ်းပေါ်က ရေခဲမုန့်တွေကို လာမြည်းနေတာလေ။
ခန ခနလေးပါပဲ ရှောင်းကျန့်စိတ်တွေ ဘယ်ရောကါသွားမှန်းမသိတော့။
"အင်း ချိုတယ်" ဆိုပြီး သူမဟုတ်သလို လှည်ထွက်သွားတဲ့ ဝမ်ရိပေါ်။
ရှောင်းကျန့်မှာ ခုချိန်ထိ ရုပ်စုလို ရပ်နေတုန်း။
ဟင် ဝမ်ရိပေါ်က ရေခဲမုန့် မြည်းတာ မဟုတ်ပဲ သူ့ကို နမ်းသွားတာလေ။
လူတွေအများကြီးရှေ့မှာလေ။"ခွေး ကောင် ဝမ် ရိ ပေါ်"
_________________________
Thanks🍀
BẠN ĐANG ĐỌC
I Don't Know
Viễn tưởngသူများအိမ်မှာလာနေပြီး စောက်ရမ်းချေတဲ့မင်းကို ကြည့်မရတာတော့အမှန်ပဲ #XiaoZhan
Part-2
Bắt đầu từ đầu