'​မောင်..' သူ့အတွက် ​'​မောင်'လို့ သုံးနှုန်းတတ်သူဟာ သူ့ထံပါး စာ​စောင်မှန်မှန်ပို့တတ်သူသာ။ ခရိုင်မင်းကလည်း သူ့အစီအစဥ်ရဲ့ ပရိတ်သတ်လို့ ​ပြောခဲ့ဖူးတာပါပဲ။ ခရိုင်မင်းများလားဟု အတင့်ရဲစွာ ​တွေးမိတိုင်း မထိုက်မတန်ဟူ​သော ​ကောက်ချက်က တစ်ပါတည်းလိုက်ပါလာသည်။ ​တွေးလိုက်ချင်ပါ​သော်လည်း၊ အ​တွေးထဲစဥ်ဆက်မပြတ်ရှိ​နေပါ​သော်လည်း ဖြစ်သင့်ရဲ့လား ​ဝေခွဲရခက်ပါသည်။

တချို့​သော စည်းများက မ​ကျော်ဖို့ရာ သတ်မှတ်ထားခြင်းဖြစ်သည်။ မ​နေ့ညကမှ ​တွေ့ဆုံခဲ့​သော ခရိုင်မင်းက သူ့ကိုမနက်စာ​ဧည့်ခံ​နေသည်နှင့်ပင် ဘယ်စည်း​တွေ​ကျော်လိုက်မိပါပြီလဲ။ ရင်းနှီးမှုနှုန်းက အဟုန်ဖြင့် မြင့်တက်လာ​​တော့ သူ့မှာ စိုးထိတ်ရပါသည်။

"ဗိုက်ဝသွားပြီလား။ အစားနည်းလိုက်တာ။ ကိုယ်က မြိန်​ရေရှက်​ရေစား​တော့မယ်ထင်​နေတာ"

"ကျွန်​တော်ဗိုက်မဆာ​တော့လို့ပါ"

"ဒါဆို ကိုယ်တို့သွားကြ​တော့မလား။ ကုန်တိုက်သွားမယ်လို့ ​ပြောထားတယ်​လေ"

"အင်း.. သွားကြတာ​ပေါ့"

ခရိုင်မင်း၏ကားက သက်​တောင့်သက်သာရှိသည်။ သူမဖြစ်မ​နေစီး​နေကျ တက္ကစီများထက် အဆများစွာသာသည်။ အိစက်ညက်​ညော​သော ထိုင်ခုံများနှင့် ​လေဝင်​လေထွက်​ကောင်း​သော ကားအတွင်းခန်း။ ကား​ရေဒီယိုကလည်း အသံကြည်လင်ပြတ်သားသည်။ ဖွင့်ထား​သော ​ရေဒီယိုလှိုင်းက Melomaniac FMဖြစ်​နေ​သော သူတစ်​ယောက်တည်း ကြိတ်ပြုံးမိသည်။

'မင်္ဂလာပါ။ Melomaniac FMမှ ကြိုဆိုပါတယ်။ ကြိမ်နှုန်း 91.3MHzကို ဖွင့်ပြီး သီချင်း​​ကောင်း​လေးများကို နားဆင်နိုင်ပါပြီ​နော်'

"ခရိုင်မင်းက ကျွန်​တော်တို့ ​ရေဒီယိုလှိုင်းကို တကယ်နားဆင်သားပဲ"

"ဘာလဲ.. မ​နေ့ညက လိမ်​ပြောလိုက်တယ် ထင်လို့လား"

"အင်း.. လိမ်တယ်​တော့မဟုတ်ဘူး​ပေါ့။ သက်သက်​လောကွတ်​ချော်​နေတယ်ထင်တာ"

"​တွေးရက်လှချည်လားဗျာ။ ကိုယ်က 'နှလုံးသား​တေးသံသာ'ရဲ့ တကယ့်ပရိတ်သတ်ပါ။ တခြားအစီအစဥ်​တွေ​တောင် ကိုယ်နား​ထောင်ဖြစ်တာမဟုတ်ဘူး"

ℒ𝑖𝑠𝑡𝑒𝑛 𝑡𝑜 𝑡ℎ𝑒 ℛ𝑎𝑑𝑖𝑜♪Waar verhalen tot leven komen. Ontdek het nu