အပိုင်း သုံး

Comenzar desde el principio
                                    

ခါးပါတ် ပတ်ပီးပီလား

အင်း

မြေဩဇာအိတ်တွေ ဝယ်ရန် ကားတစ်စီးနဲ့အတူ ထွက်သွားတဲ့ လူနှစ်ယောက်ဟာ အနာဂတ်မှာ ဘာတွေဖြစ်မလဲ စိတ်လည်း မဝင်စားသလို သိလည်းသိချင်ခဲ့ဟန်မရှိပေ။

ဈေးထဲသို့ တရွေ့ရွေ့မောင်းနှင်လာတဲ့ ကားကြီးက အပင်အတွက် မြေဩဇာတွေ သီးသန့်ရောင်းတဲ့ ဆိုင်ရှေ့ကို ရောက်တဲ့အခါ ဘေးဘီဘယ်ညာကို သေချာကြည့်လိုက်ပီး ကားကို နေရာတကျထိုးရပ်လိုက်သည်။

ဆင်းလို့ရပီ

ရောက်ပီလား

အင်း ဒီဆိုင်ပဲ

ဘာဝယ်ရမှာလဲ

အခင်းသစ်အတွက် မြေဩဇာလေ

အော်

ထိုင်ခုံခါးပတ်ကို ဖြုတ်လိုက်ပီး ကားထဲက ဆင်းလာတဲ့ သူ့တို့ကို ဧည့်ဝတ်ကျေပွန်စွာ စောင့်ဆိုင်းနေကျတဲ့ အလုပ်သမားလေးနှစ်ယောက်ဟာ သူတို့ကို အပြေးအလွှားလာကြိုကျသည်။

ဘယ်မြေဩဇာကို လိုသလဲဗျ

တခြားတော့ မဟုတ်ပါဘူး NPK 4-5-5 လိုချင်လို့

စတော်ဘယ်ရီအတွက်ထင်တယ်ဗျ
4-5-5 ကကုန်နေတယ်ဗျ
3-1-2 ကိုစမ်းသုံးကြည့်ပါလားဗျ

ဒါလည်းရပါတယ် ဖြစ်နိုင်ရင် ရှာပေးလို့ရမလား ဘယ်နှစ်အိတ်ရရ

ဟုတ်ကဲ့ 4-5-5 ကို ထပ်ရှာကြည့်လိုက်ပါ့မယ်

အမျိုးမျိုးသော မြေဩဇာအိတ်တွေ အမြှောက်အမြှားရှိတဲ့ ကြားမှာမှ သူလိုအပ်မယ်ထင်တဲ့ မြေဩဇာကို လိုက်ပြပေးတဲ့ ဝန်ထမ်းဟာ စိတ်ရှည်လက်ရှည်ပါပဲ

ဝန်ထမ်းကောင်လေးနောက်ကို လိုက်လာနေတဲ့ သူတို့နှစ်ယောက်ကို ဝန်ထမ်းကောင်မလေးတွေက ကြည့်လိုက်ရှုံ့မဲ့လိုက်လုပ်နေတဲ့အခါ ဂျောင်ဂုစိတ်ရှုပ်လာမိသည်။

* ဘာတွေလဲ ဒီဟာတွေက *

ဒါတွေပဲ ရှိတော့တယ်အကိုဗျ
တကယ်လို့ အကိုလိုတဲ့ မြေဩဇာတွေ ရောက်လာလို့ရှိရင် ကျတော်တို့ ဆက်သွယ်ဖို့ ဖုန်းနံပါတ်လေးချန်ထားပေးခဲ့လို့ရတယ်ဗျ
ကျတော်တို့ ဆက်ဆက် ဆက်သွယ်လိုက်ပါ့မယ်

နှောင်ကြိုးလေးတစ်မျှင်Donde viven las historias. Descúbrelo ahora