"ဟုတ်လား။ ကိုယ်ကဖြင့် ​ဖြေရမယ်ထင်လို့ စိတ်ပြင်ဆင်​နေတာကို"

Taehyungကို ခရိုင်မင်းဆိုသူက အနည်းငယ် ရှက်ကိုးရှက်ကန်းဖြစ်​စေသည်။ မျက်နှာချင်းမဆိုင်ရဲ​​အောင်ပင် စကားလုံးများ၊ အကြည့်များက ထိုးနှက်လျက်။ တစ်ဘက်ကို လှည့်ကြည့်​တော့ လုပ်​ဖော်ကိုင်ဖက်အစ်မက ဤအ​ခြေအ​နေကို အနည်းငယ်အံ့ဩထူးဆန်း​နေသ​ယောင်​ယောင်။

"ဟို..ဒါဆို ကျွန်မကို ခွင့်ပြုပါဦး​နော်။ Mr.Kim ခရိုင်မင်းကို ​ကောင်း​ကောင်းဧည့်ဝတ်​ကျေလိုက်ပါဦး​နော်"

"အစ်မ.. အစ်မ.."

သူ​ခေါ်တာကိုပင် လှည့်မကြည့်​​တော့၊ ထွက်သွားလိုက်တာများတစ်ချိုးတည်း။ Taehyungမှာ ခရိုင်မင်း​ရှေ့တင် ဝီစကီခွက်တစ်ခွက်ကိုကိုင်ပြီး ​ဘာလုပ်လို့ဘာကိုင်ရမှန်းမသိ။
သူတကယ်ပဲ​နေရခက်ပြီး စိတ်အိုက်လှပါသည်။ သူကိုယ်တိုင်လည်း ​ကိုယ့်အားကိုယ်ကိုးပြီး အမှီအခိုကင်း​သော ​ယောကျ်ားရင့်မာတစ်​ယောက်ဖြစ်သည့်တိုင် ခရိုင်မင်း​ရှေ့ရပ်​နေရသည်ကပင် သူ့ဒူးဆစ်ကို အား​ပျော့သွား​စေသည်။ အရှိန်အဝါတစ်ခု​အောက်မှာ အုပ်မိုးခံထားရသူမှန်း သိသိသာသာ။

"ထိုင်ပါဦး။ စကား​ပြောစရာ​တွေ အများကြီးကျန်​သေးတာဆို​တော့ ​မတ်တပ်ရပ်​နေရင် ​​ညောင်းလိမ့်မယ်"

"ဪ.. ဟုတ်ကဲ့"

ခရိုင်မင်းမှာ သူ့ကို ဘာ​ပြောစရာစကား ရှိ​နေလို့များလဲ။ သူတကယ်ပဲနားမလည်နိုင်ပါ။ အခုမှ​တွေ့ကြသူများဖြစ်သည့်အပြင် လုပ်ငန်းသ​ဘောတရားအရလည်း တိုက်ရိုက်ဆက်စပ်​နေခြင်းမျိုးမရှိ။ ဒါ​တောင် ​ပြောစရာ​တွေက များသတဲ့လား။
အ​တွေးနဲ့တင် လူက ပူထူလာတာ​ကြောင့် လက်ထဲက ဝီစကီကို တစ်ကျိုက်တည်း ​​မော့​သောက်လိုက်သည်။

"ကိုယ်ဝီစကီငဲ့​ပေးမယ်"

"မဟုတ်တာ။ ကျွန်​တော်အများကြီးမ​သောက်နိုင်ပါဘူး"

"ဟုတ်ရဲ့လား။ တစ်ကျိုက်တည်း​သောက်ပစ်​တော့ ဝီစကီကြိုက်တယ်လို့ ​မောင်ကထင်​နေတာ"

"ဗျာ"

အခု သူမူး​နေပြီလား။ တစ်ခွက်တည်းနဲ့ မူးသွားလို့များ ကြားမိကြားရာ​တွေ ကြား​နေမိတာများလား။ စာပို့​နေကျလူကို စိတ်စွဲပြီးများ ကြားချင်ရာကြား​နေရတယ်လို့။ သည်ည​တော့ သူ့စိတ်သူထိန်းထားမှ ဖြစ်​တော့မည်။ ခရိုင်မင်းအနား​နေရတာ ဖိအားက များပါဘိသနဲ့.. သည်ပုံအတိုင်းဆို အမှားလုပ်မိ​​​ချေ​တော့မည်။

ℒ𝑖𝑠𝑡𝑒𝑛 𝑡𝑜 𝑡ℎ𝑒 ℛ𝑎𝑑𝑖𝑜♪Where stories live. Discover now