ငှက်ခါးဆိုတဲ့ကောင်လေးကလဲ ဒီအခြေနေကိုစောင့်နေဟန်တူသည်။လူရှင်းသွားတဲ့အချ်န်မှာ မှကျွန်တော့်စာရေးခုံလေးဘေးမှာရပ်နေတာအကြာကြီး။လူရှုပ်တာကိုပဲမကြိုက်တာလား။ဘယ်သူနဲ့မှအပေါင်းအသင်းမလုပ်ချင်တဲ့စိတ်နဲ့ သီးသန့်နေတာမဟုတ်မှန်းတော့ တစ်စွန်းတစ်စရိပ်မိပါတယ်။မပြီးသတ်သေးတဲ့သင်္ချာတွေကိုဆက်တွက်နေပေမယ့် သူ့အရိပ်ကိုလဲသတိထားမိသည်။ဒါပေမယ့်ဘာသံမှထွက်မလာ။ကျွန်နော်မော့ကြည့်တော့မှ အထစ်ထစ်အငေါ့ငေါ့နဲ့ထွက်လာတာက မဝံ့မရဲနဲ့ကလေးဆန်တဲ့စကားတွေ။

"ဒါ..ဒါဆို မင်းစိတ်မဆိုးနဲ့တော့နော်။ငါမုန့်ဝယ်ကျွေးရမလား.."

ချော့မော့တဲ့လေသံနဲ့ပြောနေတာ ကျွန်တော့်ကိုသူ့လိုကလေးစိတ်မပျောက်သေးတဲ့ကောင်မှတ်နေလားမသိ။မုန့်ကျွေးပြီးစိတ်ဆိုးပြေခိုင်းတဲ့အကွက်က မူလတန်းကလေးတွေ လုပ်တဲ့လုပ်ကွက်ဆိုတာ ဒီကောင်လေးမေ့နေတာလား။

"ဘာ.."

ကျွန်တော့်ကို ကြည့်ကာရှိန်နေတဲ့ပုံပေါက်နေတာကြောင့် မစသင့်မှန်းသိပေမယ့် စချင်လာတာကြောင့် မျက်မှောင်ကျုံ့ကာ အသံမာမာနဲ့မေးလိုက်၏။ခန္ဓာကိုယ်လေးတစ်ချက်တွန့်သွားသလို၊မဝံ့ရဲတဲ့မျက်ဝန်းတွေဟာ အရည်လဲ့လို့နေတယ်။အစာကောက်နေတဲ့ ဥဒေါင်းငှက်တွေရဲ့ မျက်ဝန်းတွေလို ကြည်လင်ကာ ရွှန်းလဲ့နေပုံက ဘယ်တော့ကြည့်ကြည့်မရိုးနိုင်တဲ့ တန်ဖိုးကြီးပန်ချီကားတစ်ချပ်လိုပါပဲ။

"မ..မဟုတ်။မင်း..မုန့်စားချင်ရင်..ငါဝယ်..ဝယ်ကျွေး.."

"မလိုဘူး.."

"ဟို..ဟို.."

"ဘာလဲကွာ..သင်္ချာတွေကခေါင်းရှုပ်ရတဲ့ကြားထဲ..."

ကျွန်တော်လေသံမာလေ မျက်နှာငယ်လေးဖြစ်သွားလေ။အဲ့လိုရုပ်လေးက်ုမြင်ရတာ ကျွန်တော့်မှာအသဲတယားယား။တမင်မျက်နှာတည်ပြီး အသံခပ်ဆက်ဆက်နဲ့ပြောနေပေမယ့် ထိုကောင်လေးကတော့ ငိုတော့မယ့်ဆိုက်နဲ့လေ။အသံမထွက်မိအောင်ခိုးရယ်နေတာတောင် မသိလောက်တဲ့အထိ ခေါင်းကိုငုံ့ထားသေးတာ။

"ဟို..နီနီကပြောတယ်။မင်း..မင်းစာကူးပေးမယ်ဆို.."

သက်ပြင်းချသံတိုးတိုးလေးနဲ့အတူ ခပ်ညှင်းညှင်းထွက်လာတဲ့ သူ့အသံခပ်တိုးတိုး။ရှိန်တာတွေဘာတွေရှိပေမယ့် သူဖြစ်စေချင်တာကိုတော့ အကူညီတောင်းရဲတဲ့ သတ္တိတော့ရှိတယ်။သူ့မျက်ဝန်းတွေက စူးရှသလို၊ခံစားချက်ကို တိုက်ရိုက်ဖော်ပြတဲ့ပြတင်းပေါက်တစ်ချပ်လိုပဲ။နဂိုက ရဲတင်းပြီးပြတ်သားတဲ့ခံစားချက်တွေရှိနေတယ်ဆိုတာ မျက်ဝန်းတွေကပြနေပေမယ့်,ဒီလိုဖြစ်နေတဲ့ကြောက်စိတ်ကို ဘယ်သူသွင်းပေးခဲ့တာပါလဲ။

ငှက်ကလေးကိုချစ်မိရင်(ငွက္ကေလးကိုခ်စ္မိရင္)Where stories live. Discover now