အစက သူပြောတဲ့စကားအဓိပ္ပါယ်ကိုနားမလည်သေး။ ပွေ့ချီခံရပြီး အခန်းဆီဦးတည်နေမှ နားလည်တော့သည်။

"အင့်!..."

အခန်းထဲ‌ဝင်သည်နှင့် အရက်သောက်ထားသည့်သူက အနှစ်ကိုအလွှတ်မပေးဘဲ အနမ်းတွေကိုအစပျိုးလာသည်။ အနှစ်နှုတ်ခမ်းကိုနမ်းနေတာ ညင်သာတယ်ဆိုရပေမဲ့ ထိုထဲမှာ ရမ္မက်များစွာပါဝင်နေသည်။

"ကိုကို! ဖြေးဖြေး..."

"အင်း..."

"အာ့ နာတယ်"

သူက သူမရဲ့ညှပ်ရိုးကို အားပါပါကိုက်ထည့်လိုက်သဖြင့် အသံထွက်သွား၏။ ထိုအသံကပဲ သူ့ကို ပိုပြီးတက်ကြွစေတာလားမသိပါ။ အနမ်းတွေက ကြမ်းတမ်းလာ၏။ သူမတစ်ကိုယ်လုံးက သူ့ရင်ခွင်ထဲမှာ မြှုပ်လို့။

"Ring...."

နှစ်ယောက်လုံး အနမ်းကမ္ဘာမှာနစ်မြောနေချိန် အဖျက်ဝင်လာတာကတော့ ဖုန်းမြည်သံပါပဲ။

Contact nameမှာရေးထားသည့်နာမည်က လွန်းမြတ်။

သူ့ဘက်မှပိတ်ဖို့လုပ်လျှင်...လက်သွယ်သွယ်လေးက တားဆီးလာကာ...

"ကိုင်လိုက်..."

"ကိုကိုတို့က!..."

"ကိုင်လိုက်လို့..."

"ဒါပေမဲ့ အခုက!.."

စက်ဝန်းကမကိုင်ချင်၍ အကြောင်းပြလျှင် အနှစ်က ဖုန်းကိုဆွဲယူပြီး...

"ကိုင်လိုက်မယ် ညရှစ်နာရီအချိန် သူဘာပြောချင်လဲဆိုတာ သိချင်လို့"

အနှစ်ကပြောရင်းမှ ဖုန်းကိုလက်ခံလိုက်ကာ စပီကာပါတစ်ခါတည်းဖွင့်သည်။ ပြီးနောက် သူ့ကို စကားပြောဖို့မျက်စပြစ်ပြလျှင် သူက စိတ်မပါစွာဖြင့်...

"ဟဲလို"

"စက်ဘာလုပ်နေလဲ ငါ့ကားပျက်နေလို့...အားရင်လာခဲ့ပေးမလား..."

ကျက်သရေတုန်းချက်။ အိမ်ထောင်ရှိလူတစ်‌ယောက်ကို ညဘက်ဘာလုပ်လဲမေးတာ တရားထိုင်နေပါတယ်လို့ပြောတာကြားချင်‌နေတာလား။

"ဘယ်နားမှာလဲ..."

"မသိဘူး ပတ်ဝန်းကျင်မှာ ဘာမှမရှိဘူး ကြောက်လို့ ကားထဲကလည်းမထွက်ရဲဘူး"

နှလုံးသားနီးနီး...စည်းပါးပါး(Love And Pride)[Completed]Where stories live. Discover now