hao.

1.2K 70 0
                                        

ဝမ်းတူး..သရီးဖော...
သူ ဒီကကွက်ကို ထွင်နေသည်မှာ 4ရက်ရှိနေပီ စိတ်တိုင်းမကျနိုင်သေးပေ ။ သူငယ်ချင်းများက ကကွက်မှာ ပြည့်စုံနေပီပြောသော်လည်း သူမကျေနပ်သေး။ တခုခု လိုနေသေးသလို နူးညံ့ပျော့ပြောင်းမှုလိုနေတာများလား ။

စိတ်ထဲထင့်လာ၍ ဖျတ်ခနဲ လှည့်ကြည့်လိုက်စဥ် ခေါင်းလေး ပုန်းကွယ်သွားသည်ကို တွေ့လိုက်ရသည်။ အာ.. သူမေ့နေသည် ဒီနေ့ သင်တန်းသားအသစ်တွေ ရောက်မည်ဆိုတာကို ။

" ဟေး ဆောင်းဟန်ဘင်း ဒီနေ့ သင်တန်းသားအသစ်တွေ ရောက်နေပီကွ ငါတော့ တွေ့ခဲ့ပီ ချစ်စရာလေးတွေကွ "

ဂျီဝွန်းရောက်လာပီး ပြောနေသော်လည်း သူကတော့ သူ့ကကွက်ထဲပင် စိတ်ရောက်နေသည်။ ဂျီဝွန်းက ရုတ်တရက် သူ့ကိုဆွဲခေါ်လိုက်ပီး

"လာပါကွာ မင်းကလဲ မျက်စိအနားပေးရအောင် Manager ဆီ သွားမယ် လာလာ "

"အာ မင်းကတော့လုပ်ပီကွာ ဇွတ်ပဲ "
အမှန်တော့ သူလဲအနားယူချင်နေပီ ထို့ကြောင့် မငြင်းနိုင်တော့ဘဲ ဂျီဝွန်းနောက်လိုက်သွားရလေသည်။

မန်နေဂျာ အခန်းထဲရောက်တော့
"အတော်ပဲ လာလာ မင်းတို့နှစ်ယောက်ကို ခေါ်ခိုင်းတော့မလို့ မိတ်ဆက်ပေးရဦးမယ် ဒါက သင်တန်းသားအသစ်တွေ Ent တွေကို joinမလို့ အကအတွက် လိုနေသေးလို့ လာသင်တာတဲ့ ဂရုစိုက်ပေးလိုက်ကြဦးနော် "

ရုတ်တရက် မျက်လုံးထဲ တိုးဝင်လာတာက အသားဖြူဖြူ ပိန်ပိန်သေးသေးလေး ထူးခြားတာက မျက်လုံးအောက်နားက မှဲ့လေးက ပေါ်လွင်နေတာပဲ ။ ခေါင်းပေါ်မှာလဲ ကလစ်လိုလို သေချာကြည့်လိုက်တော့ emojiလေးတွေပဲ ။

သင်တန်းသားအသစ်က စုစုပေါင်း 4ယောက်
ကောင်လေးတွေ ကြည့်ရတာ သူ့ထက်ငယ်မယ့်ပုံပဲ။

" ကဲ မိတ်ဆက်ပေးကြပါဦး"
မန်နေဂျာက စကားစတော့

ထိုကလေးက သွက်သွက်လက်လက်ပင်

"မဂ်လာပါ ကျွန်တော်နာမည်က ကျန်းဟောင့်ပါ
ကျွန်တော် JJ entကို join မလို့ အကလာသင်တာပါ ကူညီပေးကြပါဦးနော်"

ပြောရင်း သူ့ဘက်ကြည့်ပီး ပြုံးပြတော့ ရင်တစ်ချက်ခုန်သွားသလို အာသိပ်ချစ်ဖို့ကောင်းတဲ့ ကောင်လေးပဲ ။ သူချက်ချင်း တဖက်လွဲလိုက်သည် ။
နောက်လူတွေ မိတ်ဆက်တာတောင်မကြားမိတော့ ။

မိတ်ဆက်ပေးပီးထွက်လာတော့ သူ့ကကွက်ကို ဆက်မလုပ်ချင်တော့ ဂျီဝွန်းနဲ့ သင်တန်းရှေ့က ဆိုင်မှာ အအေးသောက်ဖို့ထွက်လာလိုက်လေသည်။ သင်တန်းသားအသစ်တွေက သူတို့ သင်တန်းဆောင်မှာ နေကြမှာလား ဒါမှမဟုတ် မြို့ထဲကနေ လာတက်ကြမှာလား စဥ်းစားနေရင်း ရှေ့က အထုတ်တွေ ဆွဲ၍ သူတို့သင်တန်းဆောငိထဲ ဝင်သွားသော ကျန်းဟောင့် တို့အဖွဲ့ကိုတွေ့လိုက်ရသည်။

"ဟောင့် ဟောင့် မင်းအမြင်ကရောဘယ်လိုလဲ "

ဂျီဝွန်းက သူ့ကိုတွန်းရင်း မေးလိုက်သောအခါ

"ဘာလဲကွ မင်းက အရင်းမရှိ အဖျားမရှိ "

" အာ မင်းကလဲ သင်တန်းသားအသစ်တွေ အကြောင်းပြောနေတာကွ ငါတော့ သဘောကျတဲ့သူရှိနေပီ အဟဲ "

သူ့ရင်ထဲ ထိတ်ခနဲ ဖြစ်သွားသည်။ ဟိုကလေးများလား.

" မင်း မင်းကလဲကွာ ခုမှတွေ့တာကို ချက်ချင်းနော်"

"ချစ်စရာလေးကွ"

"တော်ပါကွာ ဒီပီးရင် ငါပြန်တော့မယ် ညနေကျ အမေ့ဆီ ပိုက်ဆံလွှဲရဦးမယ် "
" အေးအေး မားမားဘွိုင်းလေး ပြန်ပြန် "

အအေးသောက်ပီးထွက်လာတော့ ဟိုကလေးကို တွေ့ဦးမလားလို့ ရှာကြည့်မိသေးသည် ။ ဒီအချိန်မှာတော့ အနားယူနေရောပေါ့ ။ ကျန်းဟောင့်ဆီ စိတ်ရောက်နေသော သူ့ကိုယ်သူပင် မယုံနိုင် ။ ရှက်ပြုံးပြုံးရင်း သူ့အခန်းထဲသို့ဝင်သွားလေသည်။
သင်တန်းနှင့် သင်တန်းဆောင်က ကပ်ရပ်မို့ ကားခ ကုန်စရာတော့မလိုတော့ပေ။ သူဒီသင်တန်းရောက်နေသည်မှာ 2နှစ်ရှိနေပီဖြစ်သည်။

Angle baby Where stories live. Discover now